Part 10

510 62 12
                                    

Zawgyi!!

"Chan ငါတို့ပြန်ရအောင် ဟိုကောင်တွေ အထိနာသွားပြီ Bladeဂိုဏ်းချုပ်ကအင်္ဂလန်ဘက်ကိုထွက်ပြေးသွားပြီ "

"ငါတို့ဆက်လိုက်ရမလား အင်္ဂလန်ဘက်မှာ ငါတို့လူတွေရှိတယ်မလား"

"အေးရှိတာတော့ ရှိတယ် ကိုယ့်ပိုင်နက်မဟုတ်တော့ ထင်ရာလုပ်လို့မရဘူးလေ အခြေအနေကြည့်ရအောင် အခွင့်ရရင် တစ်ခါထဲ လက်စသက်ရတာပေါ့"

"အေး အဲ့ဒါဆို ငါအင်္ဂလန်ဘက်ကို အကြောင်းကြားထားလိုက်မယ် အရှင်လားအသေလား"

"အသေ အရှင်ဆို ထွက်ပြေးနေမယ် ဒါနဲ့ ငါ့ကလေးဘက်ကရော အခြေအနေ ဘယ်လိုလဲ"

"မင်းကလေးဆီလွှတ်ထားတဲ့ငါတို့လူအကြောင်းပြန်တာကတော့ သူမဆက်သွယ်ချင်း အဆက်အသွယ်မလုပ်ပါနဲ့တဲ့ မနေ့က Star ဂိုဏ်းက သူလျို ၇ယောက်မှာ ၆ယောက်ကို မသေမရှင်လုပ်ပြီး ခေါင်းဖြတ်သတ်လိုက်တယ်တဲ့ တစ်ယောက်ကတော့ သူ့လူတွေကိုပြောပြလို့ ခန္ဓာကိုယ်ရှိလျက်နဲ့သေသွားတယ် တော်တော်ကြမ်းတယ်တဲ့ အဲ့ဒါလည်းပြီးရော Starဘက်က လုံးဝငြိမ်ကျ သွားတယ်"

"ငHun အဲ့လောက်တောင် ဆိုးတယ် ဝါး...Chan မင်းကလေးတော့ မလွယ်ဘူး သေချာစောင့်ကြည့်နေမှရမယ်"

"ငါ့အထင်တော့ ကလေးရိပ်မိနေလောက်ပြီ ငါ့လူတွေ လွှတ်ထားတာကို မသိချင်ယောင်ဆောင်နေတာပဲရှိမှာ"

"ဟမ် ဘယ်လိုလုပ်သိမှာလဲ"

"ဒီလိုကွာ သူတို့အိမ်တော်မှာ အစေခံ သက်တော်စောင့်တွေ အများကြီးပဲ ဟိုနေ့ကဆို ၃ဆတိုးလိုက်တာပဲကြည့်ကွာ အဲ့လောက်လူတွေအများကြီးထဲမှ Spyတွေကိုပဲ ရွေးထုတ်ပြီး စစ်ဆေးတာလေ သေချာစဉ်းစားကြည့် သူသိနေလို့ပေါ့ Spyရှိတာတော့ သူသိတယ် ဒါပေမယ့် ငါတို့လူမှန်းမသိလောက်သေးဘူး ကလေးဆီမှာရှိနေတဲ့ငါတို့လူကို သေချာဂရုစိုက်ခိုင်းထား"

"မင်းပြောတာလည်း ဟုတ်တယ် အိုကေ ငါ
ပြောထားလိုက်မယ် ဒါနဲ့ ဒီနေ့ပဲပြန်မယ်လေ ဂိုဏ်း၂ဂိုဏ်းကို ကိုင်တွယ်ရမှာဆိုတော့ အလုပ်ရှုပ်မှာ "

"ဒီနေရာကို M2ကို ဦးဆောင်ခိုင်းလိုက် ဒီနေရာနဲ့ ပတ်သတ်တဲ့ အကြောင်းတွေအကုန် ငါ့ဆီပြန်ပြီး အစီရင်ခံစာ တင်ခိုင်းလိုက်တော့"

My Prînce Byun Baekhyun < Ongoing >Where stories live. Discover now