(မင်းမာန်တို့ထွက်သွားပြီးနောက်တွင်တော့ စောတစ်ယောက် ယွန်းကို.....
ယွန်းရယ်......နင်ကလေ လုပ်လိုက်မှဖြင့် အရမ်းကြီးပဲ
အေးလေဟယ် တစ်ဖက်သားကို ဘယ်လောက်အားနာစရာကောင်းလဲ။ ငါတို့မှာ ထိုင်စရာမရှိဖြစ်နေတုန်း သူတို့က စေတနာနဲ့လည်း လာခေါ်ရသေးတယ်။ နင်ကတော့......
ကြည့်စမ်း.....စောနဲ့ကေသီ..နင်တို့က အခုမှတွေ့ရတဲ့လူကိုဘက်လိုက်နေတယ်ပေါ့လေ။
အယ် ငါတို့ကအကောင်းပြောတာကို နော် စော
အေးလေ ယွန်းရယ် နင်ကလည်းမေးသေး ဟိုက ဖြေတော့လည်း နင်ကပဲပြောသေး
စော.....နင် စောထိပ်ထားဦးမှ ဟုတ်ရဲ့လား။
ဟင်..ယွန်းရယ်...ဘာဖြစ်ရပြန်တာလဲဟယ်။ အရင်းမရှိ အဖျားမရှိ။
အေး စောထိပ်ထားဦးဆိုတဲ့နင့်နာမည်နဲ့ ယွန်းထိပ်ထားဆိုတဲ့ ငါတို့နာမည်တွေက ထိပ်ထားဆိုတာ ခုခေတ် လူတွေထည့်ချင်တိုင်းထည့်လို့ရလို့ ထည့်ထားတဲ့ နာမည်တွေမဟုတ်ဘူးနော်။ ငါတို့မျိုးနွယ်အရ မှည့်ခေါ်ထားရတဲ့ နာမည်တွေ။
အေးလေ အဲ့ဒါနဲ့ဘာဆိုင်လို့လဲ ယွန်းရယ်။ ရှင်းရှင်းပြောစမ်းပါဟယ်။
ဒါနဲ့တောင်နင် ထိပ်တင်သူရိန်လင်းကို မသိဘူးလား။
ပြောချင်တာကိုသာ တည့်တည့်ပြောစမ်းပါယွန်းရယ်။ စကားထာလာဝှက်မနေပါနဲ့။
သူ့နာမည်မှာလည်း ထိပ်တင် ပါနေတာသတိမထားမိဘူးလား။ ထိပ်တင်သူရိန်လင်းဆိုတာ တစ်ခြားမဟုတ်ဘူး ဆွေတော်မျိုးတော်တွေထဲမှာ သြဇာအရှိဆုံး ထိပ်တင်လတ်ရဲ့သားတော်ပဲ။
အေး အဲ့တော့ဘာဖြစ်လဲ။ ငါလည်း သဲ့သဲ့တော့ကြားဖူးသား။
စော.....နင်ကလေ..ဘယ်လိုမှန်းကိုမသိဘူး။ အနွယ်တော်အချင်းချင်းအကြောင်းကိုမှ သဲ့သဲ့ကြားဖူးသတဲ့ လား။ ငါ့လို နိုင်ငံခြားမှာကြီးတဲ့သူတောင် သိသေးတာ။ နင်က မြန်မာနိုင်ငံမှာပဲ နေနေတာ။ ကြားဖူးရမှာမဟုတ်ဘူး သိရမှာ။ သိရမှာ။
အေးပါဟယ် ထားပါတော့။ နင်ပြောနေတာ အခုကိစ္စနဲ့ဘာဆိုင်လို့လဲ။
YOU ARE READING
ရွှေမင်းသားရဲ့ ဖူးစာဖက်
Romanceမင်းမျိုးမင်းနွယ်ဖြစ်ပြီး ဩဇာကြီးလွန်းသော အသိုင်းအဝိုင်းမှ နောင်မင်းမာန်နှင့် ညီမင်းမာန်ဟူသော အမွှာ ညီအစ်ကို နှစ်ယောက် အနွယ်တော်ဖြစ်ပြီး ချမ်းသာကာ ဂုဏ်မောက်သော ယွန်းထိပ်ထား အနွယ်တော်ဖြစ်သော်လည်း ဂုဏ်မမောက်ဘဲ သာမန်လူကဲ့သို့သာ နေလေ့ရှိသော စောထိပ်ထားဦး...