စော အိမ်တော်ကိုပြန်ရောက်တော့ ဖေဘုရားရော မေဖုရားပါဧည့်ခန်းထဲတွင် ရှိနေကြသည်။ တကယ်တော့ ဒီအိမ်တော်က စောတို့ရဲ့ အိမ်တော်အသစ်ပါ။ စော YTU တက်ရမယ်ဆိုမှ ဖေဘုရားက ဝယ်ပေးထားတဲ့ အိမ်ဖြစ်ပါတယ်။ စောတို့ရဲ့ အိမ်တော်က ပြင်ဦးလွင်မှာ။ ဖေဘုရားနဲ့ မေဖုရားသည်လည်း စောနေသားကျအောင် ခဏလာနေပေးရုံသာ။ နောက်တစ်လဆိုရင် စောတစ်ယောက်တည်း ဒေါ်ကြီးတို့နဲ့ ကျန်ခဲ့ရတော့မှာ။ ဒီလိုတွေး မိတော့ ဝမ်းနည်းမိလာသား။ စောကို မြင်သည်နှင့်..........
ဟော သမီးတော်လေးတောင်ပြန်လာပြီ။ လာပါဦး တက္ကသိုလ်ကျောင်းသူကြီး အတွေ့အကြုံကို ပြောပြ စမ်းပါဦး။
ထွေထွေထူးထူး မရှိသေးပါဘူး မေဖုရားရဲ့။ ဒီနေ့မှ စတက်ကာစဆိုတော့ ဆရာတွေက သြဝါဒတွေပြော ဘာသာရပ်တွေ မိတ်ဆက်ပဲရှိကြသေးတာ။ စာကလည်း နည်းနည်းပဲသင်သေးတာ။
သမီးတော်လေး
ရှင် မေဖုရား
သမီးတော်လေးမှာ အချိန်တန်လက်ဆက်ရမယ့်သူရှိပြီးသားဆိုတာ သိတယ်နော်။
ဟုတ်ကဲ့ပါ မေဖုရား စောသိပါတယ်။
အေးအေး သိရင်ပြီးတာပဲကွယ်။ မေဖုရားတို့ကိုတော့ အရှက်ရအောင် မလုပ်နဲ့နော်။ သမီးတော်လေးက လိမ္မာမှန်းတော့ သိပါရဲ့။ တက္ကသိုလ်ရောက်ပြီဆိုတော့ ရည်းစားသနာထားမိမှာစိုးလို့ပါကွယ်။
ဒါနဲ့ မေဖုရား သမီးတော်နဲ့ လက်ဆက်ရမယ့်သူက ဘယ်သူလဲဟင်။
သိချိန်တန်တော့ သိမပေါ့ သမီးတော်လေးရဲ့။ စိတ်ဝင်စားနေပြီလား။
မဟုတ်ပါဘူး မေဖုရားရဲ့။ သမီးတော်မှာ သူ့ကြောင့် ရည်းစားသနာတောင် မထားဖူးရဘူးဆိုတော့ ဘယ်သူများလဲ သိမှဖြစ်မှာပေါ့။
သူကလည်း ဆေးကျောင်းတက်နေတာပါ သမီးတော်လေးရဲ့။ သမီးတော်လေးတို့ တတိယနှစ်ရောက်တဲ့ အခါ အချင်းချင်းတွေ့ကြရမှာပါကွယ်။ ကိုင်း..ကိုင်း..ချိုးရေသုံးချေတော့။ မယ်ဖုရားတို့ကတော့ ဧည့်ခံပွဲတစ်ခုတက်ရ ဦးမယ်။ ညဉ့်ပွဲတော်စာကို သမီးတော်လေးပဲ စားနှင့်တော့။
( မေဖုရားက ဒီလိုပြောလာတော့လည်း စောတစ်ယောက် သူ့အခန်းထဲသို့ ဝင်နားလိုက်ပါတော့တယ်။ မေဖုရားတို့ကလည်း ပဟေဠိလာဝှက်နေကြသေးတယ်။ နာမည်လေးတော့ဖြင့် ပြောပြသင့်တာပေါ့။ ခုတော့ ဖြူသလား မဲသလားလည်းမသိရ။ ဘယ်လိုစိတ်ဓါတ်မျိုးရှိသလဲလည်း မသိရ။ ကိုယ်က သူ့ကြောင့် ရည်းစားသနာ လေးတောင် ထားခွင့်မရဘဲ ကိုယ့်ဘဝကို သူ့လက်ထဲဝကွက်အပ်ရဦးမည်။ သူကရော ရည်းစားသနာ မထားဘဲ ရှိမည်လား။ သူတို့ယောက်ျားလေးတွေလား မထားမှာ။ အဲ့ဒီအခါ မေဖုရားတို့ကဘာပြောမလဲ ယောက်ျားလေးပဲ ဒီလောက်တော့ရှိမှာပေါ့။ အချိန်တန်လက်ဆက်ရမှာ သမီးတော်ပဲမဟုတ်လား ဒါပဲပြောမယ်။ ဟင်း....မိန်းကလေးဖြစ် ရတာ တကယ်ကို မလွယ်ပါလားနော်။ အင်း..ယွန်း..ယွန်းရော ဘယ်လိုများရှိမလဲ။ သိချင်လာသည်ကြောင့် ဖုန်းကို ကောက်နှိပ်ကာ ယွန်းကိုခေါ်မိသည်။)
ယွန်း...ငါပါ စော
သိသားပဲ စောရယ်။ နင့်နံပါတ်ကြီးပေါ်နေတာကို။ ကဲပြော ဘာထူးလို့လဲ။
နင်ရော ထူးလားဟင်။
လက်ဆက်ရမယ့် ကိစ္စလား။
အေး...မယ်ဖုရားက ခုနကလေးတင် ငါ့ကိုမိန့်သွားတယ်။ တက္ကသိုလ်ရောက်လို့ ရည်းစားထားမယ် မကြံနဲ့တဲ့။ လက်ဆက်ရမယ့်သူက အသင်တဲ့။ နင့်ကိုရော ဘာပြောလဲယွန်း။
တူတူပဲပေါ့ဟယ်။
ယွန်း...နင်..နင့်ကြင်ယာလောင်းကို သိရလားဟင်။
ဟင့်အင်း...လူကြီးတွေက ဘာတွေမှန်းမသိဘူးဟယ် တစ်ခြားလူကို မကြိုက်စေချင်မှတော့ ခုကတည်းက ပေးသိထားလိုက်ပြီးရော။ ငါလည်း သူ့ကိုသိ။ သူလည်း ငါ့ကိုသိ။ ခုတော့ ဖြူသလား မဲသလားတောင်မသိရဘူး။ မယ်ဖုရားတို့ကတော့ စိတ်မပူစမ်းပါနဲ့လို့ပြောသား။
အေးလေ ငါကလည်း အဲ့တာကိုပဲ မတင်မကျဖြစ်နေတာ။ တတိယနှစ်ရောက်တော့မှ ပေးတွေ့မယ်တဲ့။
အေးလေ လူကြီးတွေသဘောထားကို မသိနိုင်တော့ပါဘူးဟယ်။
အင်း ဒါဆိုလည်းပြီးရောလေယွန်း ငါဖုန်းချလိုက်တော့မယ်။ ရေချိုးရဦးမယ်။
အေးအေး..ok စော။
YOU ARE READING
ရွှေမင်းသားရဲ့ ဖူးစာဖက်
Romanceမင်းမျိုးမင်းနွယ်ဖြစ်ပြီး ဩဇာကြီးလွန်းသော အသိုင်းအဝိုင်းမှ နောင်မင်းမာန်နှင့် ညီမင်းမာန်ဟူသော အမွှာ ညီအစ်ကို နှစ်ယောက် အနွယ်တော်ဖြစ်ပြီး ချမ်းသာကာ ဂုဏ်မောက်သော ယွန်းထိပ်ထား အနွယ်တော်ဖြစ်သော်လည်း ဂုဏ်မမောက်ဘဲ သာမန်လူကဲ့သို့သာ နေလေ့ရှိသော စောထိပ်ထားဦး...