အခန်း (၁)

171 10 2
                                    

(ရွက်ဟောင်းကြွေလွင့် ရွက်နုသစ်တို့ဝေသောနွေ၊ ဥသြငှက်ပျို တေးသံချိုသောနွေ၊ မြေခရွက်ဝါတို့ထံမှ သင်းပျံ့ပျံ့ရနံ့ကြိုင်လှိုင်သောနွေ စာဖွဲ့လို့ပမာပြုထားသော နွေ၏ပုံရိပ်ကား သာယာစွာပကတိအေးမြ လှသည်။ သို့သော် သူကြုံနေရသောနွေကား.....ထိုသို့မဟုတ်ပါပြီ။ ရန်ကုန်မြို့၏ နွေကားမွန်းကြပ်လှပါ၏။ မြင့်တက်လာ နေသော ခရမ်းလွန်ရောင်ခြည်၊ ထူထပ်လာသော လူနေမှု၊ များပြားလှစွာသော ကားများ၊ ပိတ်ကြပ်နေသော လမ်းများ၊ ခရီးသည်အပြည့်တင်ထားသည့်တိုင် မတော်လောဘဖြင့် နောက်ထပ်ထပ်တင်လိုသေးသော ဘတ်စ်ကားများဖြင့် မွန်းကြပ်လှပါသည်။ အဆိုးကတော့ ထိုသို့သော ဘတ်စ်ကားတစ်စီးပေါ်တွင် သူမတ်တပ်ရပ်ကာ လိုက်လာရခြင်း ပါပင်တည်း။ ချွေးထွက်သန်သောသူမို့လည်း သူ့တစ်ကိုယ်လုံးချွေးများဖြင့် ရွှဲရွှဲစိုနေပါလေပြီ။

ဒီလေ၊ ဒီနွေနှင့် ဒီကားပေါ်တွင် တစ်ခြားသူများ ဘယ်လိုများစီးနေကြပါလိမ့်။ မှတ်တိုင်ရောက်သည့် အခါတွင်တော့ သူအတင်းပင် တိုးထွက်ကာ ကားပေါ်မှ ဆင်းလိုက်ပါသည်။ ဟူး....ခုမှပဲ ပေါ့ပါးသွား တော့သည်။ ထိုစဉ်သူ့ပခုံးကို လူတစ်ယောက်လာပုတ်သည်ကြောင့် လှည့်ကြည့်မိတော့ ဘိုလေး ဖြစ်နေပါသည်။ ဒီကောင့် နာမည်ရင်းကား သီဟထွန်း။ သို့သော် ဘိုကလေးဇာတိမို့ နောက်ပြောင်ခေါ်ကြရင်းက ဘိုလေးဖြစ်သွားရသည်။ ဘိုလေး နောက်တွင်တော့ ဝဏ္ဏ၊ စိုင်းခွန်သော်နှင့် ထွန်းတေဇာတို့ပါ ပါလာကြသည်။ သူတို့တွေကား ငယ်စဉ်တောင် ကျေး အကလေးငယ်ဘဝကတည်းကပင် ခင်မင်ရင်းနှီးခဲ့ကြသော သူငယ်ချင်း များပါပေ။ ထို့အပြင် သူဆိုးသမျှကို လည်းမငြီးမညူဘဲ သည်းခံ၊ သူတောင်းဆိုသမျှကိုလည်း လိုက်လျော ပေးကြသော ညီရင်းအစ်ကိုတမျှ ချစ်လှစွာသော သူ့သူငယ်ချင်းများ ပါပင်တည်း။ ချွေးများနှင့် ရွှဲရွှဲစိုနေသော သူ့ကိုမြင်တော့ အားလုံးကပင် အလန့်တကြားဖြင့် အော်ကြတော့သည်။ ဝဏ္ဏကတော့သူ့ကို မနာအောင် တစ်ချက် လှမ်းထိုးလိုက်ရင်းက............)

ကိုယ်တော်လေး......ဘယ်နှယ့်လဲ ဘတ်စ်ကား စီးတော်မူရတာ အပန်းတော်ပြေရဲ့လား။

ရွှေမင်းသားရဲ့ ဖူးစာဖက်Where stories live. Discover now