(နွေးရင် ဘာလို့များ တဒိတ်ဒိတ်ခုန်နေရပါလိမ့်။ နွေး..နွေးဘဝတွင် ရည်းစားစကားအပြောခံသည်က အကြိမ်ကြိမ်ပင်။ ပထမနှစ်စတက်ကတည်းက အတန်းကြီးအစ်ကိုကြီးများရော အတန်းတူချင်းတွေပါ ခဏခဏလာပြောကြသည်။ ပြောလည်း ပြောသူသာမောသွားမည်။ နွေးရင်ကတော့ မခုန်ရေးချ မခုန်ပါ။ ယခုတော့ သူ့ထက် နှစ်နှစ်လောက် ငယ်သူ ထိုကောင်ကလေးက ရည်းစားစကားမပြောပါဘဲနှင့် သူ့ရင်တွေဘာလို့ ဒီလောက်တောင် ခုန်နေရသလဲ။ သူ နားမလည်နိုင်ပါ။ သူထိုကောင်လေးနားတွင် ကြာကြာရပ်နေမိလျှင် သူ့ရင်သံတွေ ကိုထိုကောင်လေးကြားသွားမှာ စိုးသည့်အတွက် အမြန်ပင် ထွက်လာခဲ့ရသည်။ ထိပ်တင်သူရိန်ရှင်းဆိုပါလား။ နာမည်ကတော့ ဆန်းသား။ ဆွေတော် မျိုးတော်တွေ များလား။ အို...ဒီခေတ်မှာက ဒီလိုနာမည်တွေကလည်း အပုံအပင်မဟုတ်လား။ ထားပါတော့လေ။ သူတွေးနေစဉ်မှာပဲ ခင်မြတ်နိုင်ရောက်လာကာ...)
ဟေ့ နွေး...ရှင်ဘာတွေများတွေးနေတာလဲ။ ကိုယ်ကြည့်နေတာကြာပြီ။ ဧကန္တတော့ ရှင့်နှလုံးသားကို တစ်စုံတစ်ယောက် လှုပ်ကိုင်နိုင်ပြီထင်တယ်။ အို...ခင်မြတ်ကလည်း မဟုတ်ပါဘူး မဟုတ်ပါဘူးသာ ဆိုတယ်။ ကြည့်စမ်း ရှင့်မျက်နှာတစ်ခုလုံး ရဲနေပါလား။ မှန်မှန်ပြောစမ်း။ ဘယ်သူက ရှင့်ကိုရည်စားစကားပြောလို့ ရှင်က ဘယ်သူ့ကိုရင်ခုန်သွားတာလဲ။ မဟုတ်ပါဘူး ခင်မြတ်ရယ်။ တကယ်ပါ။ နွေးကိုဘယ်သူကမှ မပြောပါဘူး။ ဒါဆို....(ခင်မြတ်က နွေးအချစ်ဆုံးသူငယ်ချင်းပါ။ ငယ်စဉ်ကတည်းက ပေါင်းလာသူလည်း ဖြစ်သည်မို့ စောစောက ထိပ်တင်သူရိန်ရှင်းနှင့် ဆုံခဲ့ပုံကိုပြောပြလိုက်တော့......) အော်...နွေး..နွေး..ရှင့်နှလုံးသားက မခုန်တတ်ဘူးလို့ထင်နေတာ။ နောက်ဆုံးတော့ ရှင်က အငယ်လေးကို ခုန်ဖို့ဖြစ်လာတာကိုး။ ဟယ်...ခင်မြတ်..နင်နော်။ မဟုတ်ပါဘူးဆိုနေ။ ပြီးတော့ ငါ့လို တတိယနှစ်ကို သူက ကြိုက်ပါ့ မလားဟယ်။ လောင်းတောင် လောင်းလိုက်ချင်သေး နွေးရယ်။ ရှင်တို့နှစ်ယောက် တစ်နေ့မှာ ချစ်ကိုချစ်ရမယ်။ အဲ..မိန်းမ ပြောလေကဲလေပဲပါလား။ လက်မပါကြေးလေ။ ရှက်ရမ်းမရမ်းနဲ့နော်နွေး။ ငါတစ်ကျောင်းလုံးကြားအောင် အော်လိုက်မယ် နော်။ ဟဲ့..ဟဲ့ ခင်မြတ် နင်နော်။ ဟဲဟဲ စတာပါ နွေးရယ်။ လာလာ အတန်းနောက်ကျတော့မယ်။(ဤသို့ဖြင့် နွေး ခင်မြတ်ကိုခေါ်ကာ အတန်းတက်ရန်ထွက်လာလိုက်တော့သည်။ ပထမဆုံး ကျောင်းတက်သည့်နေ့ဖြစ်သဖြင့် အထွေအထူးမရှိလှသေးဘဲ စာနည်းနည်းသာ သင်ရသည်တွင်တော့ ထိုကောင်လေးအကြောင်းက အလိုလိုခေါင်းထဲရောက်လာပြန်သဖြင့် နွေးတစ်ယောက် စာကိုသာ သည်းကြီးမဲကြီးပို၍ ဖတ်နေလိုက်မိတော့သည်။ နောင်နှင့်ညီတို့မှာလည်း ညနေအတန်းပြီးသည်နှင့် အိမ်တော်သို့တန်း၍သာ ပြန်လာခဲ့ကြသည်။ မပြန်လာ၍လည်း ရမည်မထင်ပါ။ သူတို့ခမည်းတော်နှင့်မယ်တော်က စောင့်နေကြမည် မဟုတ်ပါလား။မင်းမာန် အိမ်ပြန်ရောက်တော့ နောင်လည်းရောက်နှင့်နေပြီဖြစ်သည်။ မေဖုရားက မကြာခင် ပွဲတော်သုံးဆောင်ကြမည်ဟု မိန့်သည်ကြောင့် သူ အမြန်ချိုးရေသုံးကာ အောက်ထပ်ကို ဆင်းလာခဲ့ပါသည်။ သူ ထမင်းဝိုင်းတွင် ထိုင်တော့ လူစုံနေပေပြီ။ ထမင်းစားကြရင်း ဖေဘုရားက.........ကဲ နောင်နဲ့ညီ ဒီနေ့ ပထမဆုံးကျောင်းတက်ရတာဆိုတော့ တက္ကသိုလ်ကျောင်းသားဘဝက ဘယ်လိုလဲ ပျော်စရာ ကောင်းရဲ့လား။ နောင်အရင်ပြော။ဒီလိုပါပဲ ဖေဘုရားရဲ့။ ထွေထွေထူးထူးတော့လည်း မရှိပါဘူး။အေး နောင့်မေးလိုက်ရင်လည်း ဒီလိုပဲထွက်မယ်ဆိုတာ သိပြီးသား။ ကဲ ညီညီ မင်းကရော...ညီလည်း တူတူပါပဲ ဖေဘုရားရဲ့။ ဒီနေ့မှ အစရှိသေးတာကို။ အားလုံးကလည်း ခုမှ ဆယ်တန်းအောင်ကာစ ဆိုတော့ ဆယ်တန်းအရှိန်မသေကြသေးဘူး ဖေဖုရားရဲ့။ဟေ...ဆယ်တန်းအရှိန်မသေကြသေးဘူး ဟုတ်စ။ ဘာများလဲ ညီညီ။ဟာ ဖေဘုရားကလည်း စာပဲကျက်ချင်နေကြတာကို ပြောတာ။ ဆရာက ခုပဲသင်သွားရုံရှိသေးတယ်။ ဆရာထွက် သွားရင် စာအုပ်လေးကိုင်ပြီး စာကျက်ချင်နေကြတာ ဖေဘုရားရဲ့။ညီကရောလား။အာ...ဖေဘုရားကလည်း ညီဘယ်တုန်းက အဲ့လိုများ စာကျက်ခဲ့ဖူးလို့လဲ။ သိပါ့ကွာ သိပါ့။ ဒါနဲ့များ တစ်နိုင်ငံလုံး ပထမ ဘယ်လိုရမှန်းကို မသိဘူး။ အံ့ပါ့။အော် မောင်တော်ကလည်း သားတော်လေးက အိမ်မှာတော့ ကျက်ပါတယ်ဘုရာ့။ဒါနဲ့ ........နောင်နဲ့ညီဘုရာ့ အင်း သားတော်တို့လည်း အရွယ်ရောက်လာကြပြီ။ ရှေးခေတ်အနေနဲ့ဆိုရင်ဖြင့် ဒီအရွယ်က မြောက်သား ကြင်ယာထားရမယ့် အရွယ်ပေပ။ သို့သော်လည်း ဒီခေတ်အနေနဲ့ဖြင့် သားမောင်တို့က ပညာမစုံကြ ပေသေးတော့ ကြင်ယာသက်ထားဆိုတာ မသင့်ပေသေးဘူး။ (ဖေဘုရားက ဒီလိုမိန့်လေတော့ နောင်က...............)သားတော်တို့လည်း စိတ်တော်မျှပင် မကူးမိသေးပါဘူးဘုရာ့။အေး ဖေဘုရားကလည်း စိတ်တော်ကူးလေတယ်လို့ဖြင့် မမိန့်ပါဘူးကွယ်။ သို့သော်လည်းပေါ့လေ လူငယ်တို့သဘာဝ အချိန်တန် ရည်ငံကြမယ့်အဖြစ်ကို ကြိုတင်မြင်မိလို့ မိန့်တော်မူနေတာပကွယ်။ သားမောင်တို့က သာမန်အရပ်သားများ မဟုတ်ကြပေဘူး။ အနွယ်ချင်းထပ်မှ မြတ်တယ်ဆိုသလို နောင့်မှာတော့ ရည်စူးပြီးသား ကြင်ယာက အသင့်ရှိနှင့်ပြီးသား။ အဲ....ညီ့မှာသာ ဖေဘုရားတို့ စီစဉ်စရာ မတွေ့သေးလို့ စောင့်ဆိုင်းနေရလေတော့ ညီ့ကိုဖြင့် စိတ်ပူပန်မိတာပဲကွယ်။ ဟာ ဖေဘုရားကလည်း ညီတို့ကငယ်ငယ်လေးရှိသေးတာ။အေး ငယ်ငယ်လေးနဲ့ နောက်တော့မှ ရည်းစားသနာတွေ့နေမှာစိုးလို့ သတိပေးရပေတာ။ ညီ့မှာ စီစဉ်ထားသူ မရှိလို့ လွတ်လပ်တယ်ဖြင့် ထင်မနေနဲ့။ မကြာခင် ညီ့အတွက်လည်း သတင်းကောင်းကြားရမယ် ထင်ပ။ဗျာ...ဒါဖြင့် ညီ့ကိုလည်း စေ့စပ်ပေးကြတော့မယ်လား။ အခုမှ ကျောင်းစတက်မှာကို ညီက စေ့စပ်ရတော့မယ်လား။ကဲ စားကြ..စားကြ နောင်တို့ညီတို့ သိအောင်သာ မိန့်ရတာ။ တစ်ခြား မတွေးကြလေနဲ့။ တတိယနှစ်လောက် ရောက်ခါမှ စီစဉ်မှာပါကွယ်။ အဲ့ဒီတော့မှ ကြင်ယာလောင်းတွေနဲ့ တစ်ခါတည်းတွေ့ကြ ဟုတ်ပြီ လား။ ဒါနဲ့ နောင်နဲ့ညီ သားတော်တို့လည်း ရန်ကုန်မှာ အခြေကျပြီဆိုတော့ ဖေဘုရားတို့ မန္တလေးကို ပြန်တော့မယ်။ ပြန်တော့မယ်လား ဖေဘုရား။ နေပါဦးလား။ ညီတို့က အခုမှ...အေးပါ ဖေဘုရားက ကြိုတင်မိန့်ထားတာပါ။ တစ်လခန့်ဖြင့် နေဦးမှာပါ။ ဟိုမှာလည်း အလုပ်တွေက ပစ်ထားလို့မှ မရတာ ညီရဲ့။ လိမ်လိမ်မာမာနေကြ ကြားရဲ့လား။ အထူးသဖြင့်တော့ ညီ။ဟုတ်ကဲ့ပါ ဖေဘုရားရဲ့။ ဒါနဲ့ ဖေဘုရားဘာလဲ ညီသားတော်တို့က အဲ့လိုဆိုတော့ ရည်းစားသနာလုံးဝထားခွင့်မရှိတော့ဘူးလားဟင်အေး...မင်းမေးမှမေးပါ့မလားလို့။ မေးမှလည်း ငါ့သားတော်ပီသတော့မှာပဲ။ ထားခွင့်ရှိပါ့ညီ ထားခွင့်ရှိပါ့။ အို..မောင်တော် သားတော်တို့ကို ဘာတွေသင်ပေးနေတာလဲဘုရာ့။အသာနေစမ်းပါ နှမတော်ရယ်. ဒါတွေက မင်းယောက်ျားတွေအရေးပါ။ ယောက်ျားကောင်း မောင်းမ တစ်ထောင်တဲ့။ ဒီတော့ ရည်းစားသနာထားခွင့်ရှိပါတယ် ညီ။ သို့ပေမဲ့ပေါ့လေ။ သူတစ်ပါးသားသမီးကို ထိခိုက်အောင်တော့ မလုပ်ရဘူး။ ညီတို့က အချိန်တန်လက်ဆက်ရမဲ့သူရှိပြီးသား။ ရည်းစားထားခွင့်ရှိတယ်။ ယူခွင့်မရှိဘူး။ နားလည်လား ညီ။ ဘာလဲ သားတော်က တွေ့နေပြီမို့လား။အာ...ဖေဘုရားကလည်း ညီကမေးရုံမေးကြည့်တာပါ။ အေးအေး...စားပြီးရင် သွားနားကြတော့။( ဖေဘုရားက ဒီလိုမိန့်သည်ကြောင့် ထမင်းစားပြီးကြတော့ သူတို့ညီအစ်ကိုနှစ်ယောက် အပေါ်ထပ်အခန်းထဲသို့ တက်လာကြပါသည်။ သူကစတင်၍......) နောင်....ဒီနေ့တကယ်ဘာမှ မထူးခြားဘူးလား။ ဘာလို့လဲ ညီ ညီကတော့ ထူးတယ်နောင်ရဲ့။(သူက နောင့်ကို ဒီလိုပြောကာ စောတို့နဲ့စတွေ့ခဲ့ပုံမှစ၍ ဒီနေ့ကျောင်းမှာတွေ့ရပုံတွေကို ပြောလိုက်တော့ နောင်ကလည်း သူနှင့် မမနွေးဆိုသော အစ်မကြီးအကြောင်းကိုပြောပြပါတယ်။ ဒီတော့သူက......) ဘာလဲနောင် ဟက်ထိသွားပြီလား။ မထိရက်ပါဘူး ညီရာ ဘာလဲ နောင်ရဲ့ မထိရက်ပါဘူးဆိုတာ နောင်က လွတ်လပ်သူမှ မဟုတ်ဘဲညီ။ နောင့်မှာ စေ့စပ်ထားတဲ့မိန်းကလေးက ရှိနှင့်ပြီးသားပဲ။ အာ နောင်ကလည်းဗျာ။ စောစောက ဖေဘုရားမိန့်သွားတာ မကြားဘူးလား။ ညီတို့မှာ ရည်းစားခွင့်ရှိသားပဲ။ ညီက မမနွေးကိုမှ မမြင်ဘူးသေးတာ။ နောင်တို့အရွယ်က အချစ်ကိုမြည်းစမ်းကြည့်ဖို့လည်း ငယ်ပါ သေးတယ် ညီရယ်။ ပြီးတော့လည်း နောင် ချစ်တယ်လို့ ပြောတဲ့မိန်းကလေးဟာ နောင်လက်ဆက်မယ့် သူပဲဖြစ်ရမယ်ညီ။ ဒါနဲ့ ညီကရော စော ကို ဟက်ထိသွားပြီလား။ ထိ မထိတော့ မသိဘူး နောင်။ ဒါပေမဲ့ သူ့ကို မြင်ရင်တော့ အေးချမ်းတာပဲသိတယ်။ ဟိုကောင်တွေက တော့ ညီဟက်ထိသွားပြီတဲ့။ ဒါပေမဲ့ ညီလည်း စောသေးတယ်လို့ ထင်ပါတယ် နောင်ရယ်။ ညီ့နှလုံးခုန်သံကို မသေချာသေးပဲ ညီလည်း ချစ်တယ်ဆိုတဲ့စကားကို မပြောပါဘူး။ အင်း....ထားတာတော့ ထားပေါ့ညီ။ ဒါပေမဲ့ ဖေဘုရားမိန့်သွားသလိုပေါ့။ ပန်းကောင်းအညွန့်ချိုးတော့ မဖြစ်စေနဲ့။ အာ နောင်ကလည်း ညီက ပျော်ပျော်သာနေတတ်တာပါ။ ဘယ်တုန်းက မိန်းကလေးနဲ့ ရှုပ်ဖူးလို့လဲ။ အေးပါ ညီရာ။ နောင်သိပါတယ်။ သတိပေးတာပါ။ ဒါနဲ့ ယက္ခမယ်တော်ကရော ချောလား။ အင်း...ချောပါတယ် နောင်။ ဘာဖြစ်လို့လဲ နောင်စိတ်ဝင်စားလို့လား။ နောင့်အတွက်မေးတာ မဟုတ်ဘူးညီ။ ညီ့အတွက်.. ညီ့အတွက် ဟုတ်လားနောင်။ ညီ....တစ်ခြားဓလေ့ထုံးစံကို မလိုက်နာပေမဲ့ လက်ဆက်ရမယ့် ဓလေ့ကိုတော့ ညီငြင်းလို့မရတာ သိတယ်နော်။ ဘာဖြစ်လို့လဲ နောင်ရဲ့ ဘာမှမဟုတ်ပါဘူး။ ကဲ နောင်စာဖတ်လိုက်ဦးမယ်။ ညီလည်း game ဆော့မှာမဟုတ်လား။ ဆော့တော့။( နောင်က ဒီလိုပြောကာ စာကြည့်ခန်းဖက်ထွက်သွားတော့ သူကလည်း computer ရှေ့တွင်ထိုင်ကာ GAME ဆော့နေလိုက်ပါတော့သည်။)
YOU ARE READING
ရွှေမင်းသားရဲ့ ဖူးစာဖက်
Romanceမင်းမျိုးမင်းနွယ်ဖြစ်ပြီး ဩဇာကြီးလွန်းသော အသိုင်းအဝိုင်းမှ နောင်မင်းမာန်နှင့် ညီမင်းမာန်ဟူသော အမွှာ ညီအစ်ကို နှစ်ယောက် အနွယ်တော်ဖြစ်ပြီး ချမ်းသာကာ ဂုဏ်မောက်သော ယွန်းထိပ်ထား အနွယ်တော်ဖြစ်သော်လည်း ဂုဏ်မမောက်ဘဲ သာမန်လူကဲ့သို့သာ နေလေ့ရှိသော စောထိပ်ထားဦး...