အခန်း (၈)

20 2 0
                                    

( အတန်းပြီးနောက် နေ့လယ်နေ့ခင်း ခဏအားသည်နှင့် နောင် စာကြည့်တိုက်ဘက် ထွက်လာခဲ့သည်။ စာကြည့်တိုက်ထဲတွင်တော့ လူရှင်းနေသည်။ သူက စာအုပ်ငှားပြီးသည်နှင့် ပြန်ထွက်ဖို့ပြင်လိုက်သည်တွင် မမနွေး.....မမနွေးကို တွေ့လိုက်တော့.....)

မမနွေး......

အော်..မောင်လေး

မမနွေး စာအုပ်လာငှားတာလားဟင်

မဟုတ်ဘူး မမနွေးက ပြန်လာအပ်တာ။

အော်

(ထိုစဉ်မှာပဲ မမနွေးဘေးနားက အစ်မက.......)

ဟဲ့ နွေး ငါနဲ့လည်း မိတ်ဆက်ပေးဦးလေ။ ဘယ်သူလဲ။

မောင်လေး...ဒါက မမနွေးရဲ့ အချစ်ဆုံးသူငယ်ချင်း ခင်မြတ်နိုင်တဲ့။ ခင်မြတ်နိုင် ဒါက ထိပ်တင်သူရိန်ရှင်းတဲ့။

အော်.... ထိပ်တင်သူရှိန်ရှင်းဆိုတာ မောင်လေးလား။

ဗျာ...မမက ကျွန်တော့်ကို သိလို့လား။

အင်း မင့်မမနွေးပြောပြလို့ ထိပ်တင်သူရိန်ရှင်းကိုတော့ သိသား။ မင်းတို့တိုက်မိကြတာဆို။

ဟုတ်ကဲ့ခင်ဗျ မမခင်မြတ်နိုင်။

မခင်မြတ်လို့ပဲ ခေါ်ပါမောင်လေး။ ဒါနဲ့ ထိပ်တင်သူရိန်ရှင်း နာမည်က တော်တော်ရှည်တာပဲနော်။

ကျွန်တော့်ကို နောင်လို့ခေါ်နိုင်ပါတယ်ခင်ဗျ။ အိမ်မှာတော့ နောင်ပဲခေါ်ကြတယ်။

နောင်...နောင်ဆိုတော့ နတ်သျှင်နောင်လား။ သူ့ထက် အသက်ကြီးတဲ့ ဓါတုကလျာကို ကြိုက်တာလေ။

ဗျာ။

ဟဲ့...ခင်မြတ် နင်ကတော့လေ။ မောင်လေး....စိတ်မရှိနဲ့နော်။ ခင်မြတ်က အဲ့လိုပဲ တအားစတတ်တာ။

ဟုတ် ရပါတယ်။

ကဲ မမနွေးတို့ကို ခွင့်ပြုဦးနော်။

ဟုတ်ကဲ့ခင်ဗျ။

( သူ့အနားက မမနွေးတို့ထွက်သွားသည်ကို သူငေးကြည့်မိပြန်သည်။ သူ့ဝဲဘက်ရင်အုံသည်လည်း နွေးကနဲဖြစ် ရပြန်သည်။ ခက်သည် မမနွေး။ မမနွေးကြောင့်ဖြင် နောင်ခက်ရချည်ရဲ့ဗျာ။)

ရွှေမင်းသားရဲ့ ဖူးစာဖက်Where stories live. Discover now