အခန်း(၈)

14 1 0
                                    


( အတန်းပြီးနောက် နေ့လယ်နေ့ခင်း ခဏအားသည်နှင့် နောင် စာကြည့်တိုက်ဘက် ထွက်လာခဲ့သည်။ စာကြည့်တိုက်ထဲတွင်တော့ လူရှင်းနေသည်။ သူက စာအုပ်ငှားပြီးသည်နှင့် ပြန်ထွက်ဖို့ပြင်လိုက်သည်တွင် မမနွေး.....မမနွေးကို တွေ့လိုက်တော့.....) မမနွေး...... အော်..မောင်လေး မမနွေး စာအုပ်လာငှားတာလားဟင် မဟုတ်ဘူး မမနွေးက ပြန်လာအပ်တာ။ အော်(ထိုစဉ်မှာပဲ မမနွေးဘေးနားက အစ်မက.......) ဟဲ့ နွေး ငါနဲ့လည်း မိတ်ဆက်ပေးဦးလေ။ ဘယ်သူလဲ။ မောင်လေး...ဒါက မမနွေးရဲ့ အချစ်ဆုံးသူငယ်ချင်း ခင်မြတ်နိုင်တဲ့။ ခင်မြတ်နိုင် ဒါက ထိပ်တင်သူရိန်ရှင်းတဲ့။ အော်.... ထိပ်တင်သူရှိန်ရှင်းဆိုတာ မောင်လေးလား။ ဗျာ...မမက ကျွန်တော့်ကို သိလို့လား။ အင်း မင့်မမနွေးပြောပြလို့ ထိပ်တင်သူရိန်ရှင်းကိုတော့ သိသား။ မင်းတို့တိုက်မိကြတာဆို။ ဟုတ်ကဲ့ခင်ဗျ မမခင်မြတ်နိုင်။ မခင်မြတ်လို့ပဲ ခေါ်ပါမောင်လေး။ ဒါနဲ့ ထိပ်တင်သူရိန်ရှင်း နာမည်က တော်တော်ရှည်တာပဲနော်။ ကျွန်တော့်ကို နောင်လို့ခေါ်နိုင်ပါတယ်ခင်ဗျ။ အိမ်မှာတော့ နောင်ပဲခေါ်ကြတယ်။ နောင်...နောင်ဆိုတော့ နတ်သျှင်နောင်လား။ သူ့ထက် အသက်ကြီးတဲ့ ဓါတုကလျာကို ကြိုက်တာလေ။ ဗျာ။ ဟဲ့...ခင်မြတ် နင်ကတော့လေ။ မောင်လေး....စိတ်မရှိနဲ့နော်။ ခင်မြတ်က အဲ့လိုပဲ တအားစတတ်တာ။ ဟုတ် ရပါတယ်။ ကဲ မမနွေးတို့ကို ခွင့်ပြုဦးနော်။ ဟုတ်ကဲ့ခင်ဗျ။( သူ့အနားက မမနွေးတို့ထွက်သွားသည်ကို သူငေးကြည့်မိပြန်သည်။ သူ့ဝဲဘက်ရင်အုံသည်လည်း နွေးကနဲဖြစ် ရပြန်သည်။ ခက်သည် မမနွေး။ မမနွေးကြောင့်ဖြင် နောင်ခက်ရချည်ရဲ့ဗျာ။)( တစ်ယောက်သောသူရဲ့ ဝဲဘက်ရင်အုံက နွေးသွားသကဲ့သို့ တစ်ယောက်သော သူမှာလည်း နွေးရင်ခုန်နေပြန်ပြီ။ ခက်ချေပြီကွယ်။ စကားလေးပြောရုံနဲ့ နွေးရင်တွေ ဒီမျှခုန်ရသတဲ့လား။ သူ တိတ်နေသည်ကြောင့် ထင်သည်။ ခင်မြတ်က....) အင်း...ကောင်လေးက မဆိုးဘူး ချောသားဟ။ ဒါကြောင့် ရှင်ဈာန်လျောတာပဲနေမှာ။ မှန်းစမ်း....(ခင်မြတ်က ဒီလိုပြောပြီး သူ့ရင်ကိုလာစမ်းတော့ အံ့သြသသည့်ဟန်ဖြင့်....) ဟယ်......ရှင်တကယ်ရင်ခုန်နေတယ် နွေး။ တိုးတိုးပြောစမ်းပါ ခင်မြတ်ရယ်။ တစ်ယောက်ယောက်ကြားသွားမှဖြင့်... အင်း...နွေး....နွေး....ရှင်လည်း ရင်ခုန်တတ်သေးတာပဲနော်။ ကောင်လေးကလည်း နင့်ကို သဘောကျနေပုံပဲ။ ဟိဟိ။ အို...ခင်မြတ်..ပေါက်ကရတွေ မပြောစမ်းနဲ့ဟယ်။ ငါနဲ့သူက အသက်ကွာနေတာကို။ အမလေး နှစ်နှစ်လေးကြီးတာများ အဆန်းလုပ်လို့ဟယ်။ ဟိုမှာ နတ်သျှင်နောင်က သူ့ထက် ၁၈ နှစ်ကြီးတဲ့ ဓါတုကလျာကို ကြိုက်သွားတာ ရာဇဝင်မှာ အထင်အရှား။ အဲ့တာက ဟိုခေတ်က မင်းမျိုးမင်းနွယ်တွေပါဟယ်။ ငါတို့ခေတ်နဲ့အကွာကြီးပါ။ ပြီးတော့ နောင့်ပုံစံကလည်း အနွယ်တော်နဲ့တူပါရဲ့။ ငါနဲ့က ဝေးပါတယ်ဟာ။ နင်လည်း မင်းမျိုးမင်းနွယ်ပဲမဟုတ်လား နွေး။ မင်းမျိုးမင်းနွယ်......ငါတို့က အစွန့်အပစ်ခံပါ ခင်မြတ်ရယ်။ အို..နင်ကလည်း ဒီခေတ်မှာ ထိပ်တင်ပါတိုင်း မင်းမျိုးမှမဟုတ်တာ။ နောင်က သူဋ္ဌေးသားဖြစ်ရင်လည်း ဖြစ်မှာပေါ့။ သူဋ္ဌေးသားဆိုလည်း ငါ့လိုလူမျိုးနဲ့ သူမိဘက ဘယ်မှာသဘောတူနိုင်ပါ့မလဲ ခင်မြတ်။ မတန်တာကို မတွေးတာ အကောင်းဆုံးပါပဲ။ နင်ကလည်း အားမှထုတ်ရသေးဘူး လက်လျော့နေပြီ. ခင်မြတ်ရယ်..သူများကြားသွားရင် အထင်သေးစရာဖြစ်နေပါ့မယ်။ နင်က အဲ့လိုပြောနေရအောင် နောင်က ငါ့ကိုချစ်တယ်လို့ ဖွင့်ပြောသေးလို့လား။ တစ်နေ့ပြောလာပါလိမ့်မယ် နွေး။ နောင့်မျက်လုံးတွေကို ငါသိနေတယ်။ နောင်ပြောလာရင်သာ နင်ဘာပြောမလဲ စဉ်းစားထား။ တော်ပါတော့ ခင်မြတ်ရယ်။ အတန်းတက်ရအောင်ပါ။( ထိုနေ့တစ်နေ့လုံး အတန်းတက်နေသော်လည်း နွေးစိတ်တွေက အတန်းထဲတွင်ရှိမနေပါ။ နောင့်ကိုသာ တွေးနေမိသည်။ နောင်သူ့ကိုကြည့်သော မျက်လုံးများ၏ အဓိပ္ပါယ်ကို ခင်မြတ်သိသလို သူလည်းသိပါသည်။ သို့ပေမဲ့ နောင်နှင့်သူကား မတန်မရာပါလေ။ နောင်က အနွယ်တော်ဖြစ်လျှင် အနွယ်တော်ချင်းထပ်မှမြတ်သည်ဟူသော ထုံးစံအရ နောင့်တွင် စေ့စပ်ထားသူပင်ရှိနှင့်လောက်ပါပြီ။ အနွယ်တော်....တကယ်ဆို သူသည်လည်း ခင်မြတ် ပြောသလိုပင် အနွယ်တော် တစ်ယောက်ပါ။ သို့သော်လည်း အစွန့်ပစ်ခံ အနွယ်တော်သာ။ သူ့မယ်တော်ကား အနွယ်တော်ချင်းထပ်မှမြတ်သည်ဟူသော လူကြီးများ၏ ဓလေ့ကို လျစ်လျူရှုကာ သူ့အဖေကို ရွေးခဲ့သည်။ ထိုအခါ တစ်မျိုးလုံးတစ်ဆွေလုံး ဖျတ်ဖျတ်လူးခဲ့ကြသည်။ စိတ်လည်း အကြီးအကျယ်ဆိုးခဲ့ကြသည်။ သူ့ဘွားတော်သည်လည်း ထိုစိတ်နှင့် အိပ်ယာထဲလဲခဲ့သည်တဲ့။ ထိုသို့ဖြင့် သူတို့သည် အနွယ်တော်များ၏ စွန့်ပစ်ခြင်းကိုခံခဲ့ရပါသည်။ ထိုသို့ စွန့်ပစ်ခြင်းခံရသော အနွယ်တော်တစ်ယောက်ကို နောင့်မိဘများအနေဖြင့် သဘောမျှနိုင်မည် မဟုတ်ပါ။ နောင်က သူဋ္ဌေးသားဆိုပြန်လျှင်လည်း သူ့လို ဆင်းရဲတဲ့သူနဲ့ နောင့်မိဘတွေက သဘောတူနိုင်မည်လား။ နောင်ကရော... စွန့်စားရဲမည်တဲ့လား။ နောင်ရယ်..........မမနွေးတော့ နောင့်ကြောင့် ခက်ရ ချည်ရဲ့ကွယ်။)

You've reached the end of published parts.

⏰ Last updated: Oct 04 ⏰

Add this story to your Library to get notified about new parts!

ရွှေမင်းသားရဲ့ ဖူးစာဖက်Where stories live. Discover now