အခန်း (၇)

13 1 0
                                    

ဒီနေ့နံနက်စောစောကား အင်္ဂလိပ်စာအချိန်မို့ အင်္ဂလိပ်စာ ဌာနဘေးရှိ အခန်းတွင် သူတို့တက်ကြရသည်။ YTU ထုံးစံအရ တတိယနှစ်မှသာ ကိုယ့်မေဂျာအခန်းခွဲသည်မို့ ယခုတော့ သူတို့တွေ မေဂျာပေါင်းစုံတစ်ခန်းထဲတွင် စုထိုင်ကြရသည်။ ပထမနှစ်တွင်တော့ minor များသာသင်လေသည်။ သူတို့ပထမနှစ်က နှစ်ခန်း။ Section A နှင့် B. သူတို့တက်ရသည်က Section A တွင်ဖြစ်သည်။ သူထိုင်ပြီးမကြာခင်ပင် ဆရာမရောက်လာပါသည်။ ဆရာမလက်ထဲ တွင်တော့ စာအုပ်တစ်ထပ်ပါလာသည်။ မနေ့ကသူတို့ကို ရေးခိုင်းလိုက်သော Essay များဖြစ်ဟန်တူပါသည်။ ဆရာမကို နှုတ်ဆက်ပြီး ထိုင်ခုံတွင် ထိုင်ရုံရှိသေး..................။

ထိပ်တင်သူရိန်လင်းဆိုတာ ဘယ်သူများလဲ ဆရာမကို မတ်တပ်ရပ်ပြပါဦး။

(ဆရာမပြောလိုက်သည်နှင့် အားလုံးက စိတ်ဝင်တစား ရှေ့လှည့်နောက်လှည့်လုပ်ကုန်ကြသည်။ ယက္ခမယ်က ပိုဆိုးသေးသည်။ သူခဏငြိမ်နေတော့ ဘိုလေးက အတင်းတွန်းသည်နှင့် သူထရပ်လိုက်ရပါသည်။ ယက္ခမယ်တော်ကို လှည့်ကြည့်လိုက်တော့ ပါးစပ်အဟောင်းသားဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ထို့အတူ စော.... စောမျက်နှာလေး က စိတ်ရှုပ်သွာသယောင်လေး....ထိုစဉ်မှာပဲ)

သားကထိပ်တင်သူရိန်လင်း The whole burma first ဟုတ်လား

ဟုတ်ကဲ့ခင်ဗျ

အင်း... တစ်နိုင်ငံလုံးပထမ ရထိုက်ပါတယ်ကွယ်။ မနေ့က သားတို့တင်ထားတဲ့ Essay တွေ ဆရာမထိုင်ဖတ်နေတာ။ သား ရေးထားလေးက ကောင်းလွန်းလို့ ဘယ်သူရေးတာပါလိမ့်လို့ ကြည့်လိုက်တော့ ထိပ်တင်သူရိန်လင်းဆိုတာ တွေ့တာ။ ဆရာမ အစကမသိပါဘူး။ ဌာနမှာပြောကြရင်းကမှ သားက တစ်နိုင်ငံလုံး ပထမဆိုတာ သိရတာ။ ကဲ လာ သား...ကိုယ်ရေးထားတဲ့ စာလေး ပြန်ဖတ်ပြလိုက်။ သားသူငယ်ချင်းတွေ နမူနာ ယူလို့ရတာပေါ့။

( ထိုသို့ဖြင့် သူရေးထားသော Essay ကို သူဖတ်ပြရပါတယ်။ ခေါင်းစဉ်က Why you choose Engineering as your professional တဲ့။ သူဖတ်တာဆုံးတော့ ဆရာမက အရင် လက်ခုပ်တီးပါတယ်။ ထိုအခါ တစ်တန်းလုံးက လက်ခုပ်တီး ကြပါတယ်။ Break ၁၅ မိနစ်ပေးတော့ သူဝရန်တာမှာထွက်ရပ်နေတုန်း ထိပ်တင်လင်းလို့ခေါ်သံကြားလိုက်ပါတယ်။ ထိပ်တင်သူရိန်လင်းဆိုတဲ့ သူ့နာမည်ကို ဆွေတော်မျိုးတော်တွေက အတိုထိပ်တင်လင်းလို့ခေါ်ကြပါတယ်။ ဒီကျောင်းမှာ ဒီနာမည်ကို ခေါ်တဲ့သူက ဘယ်သူများဖြစ်မလဲလို့ နောက်လှည့်ကြည့်တော့ ယက္ခမယ်တော်ပါလား။ သူက ဘယ်လိုကြောင့်...... )

ဒီလိုဆိုတော့ ယူက ထိပ်တင်သူရိန်လင်းအစစ်ပေါ့။

နေစမ်းပါဦး စောစော ဘယ်လိုခေါ်လိုက်တယ်။

ထိပ်တင်လင်းလို့လေ။ ဘယ်လိုသိလဲလို့ အံ့သြနေတာလား။ ဒီနာမည်ကို ဆွေတော်မျိုးတွေကလွဲလို့ ဘယ်သူကခေါ်လို့ရမှာလဲ ထိပ်တင်လင်း။

ဒါဆို .........

ယွန်းထိပ်ထားဆိုတဲ့ ထိပ်ထားက သာမန်သူလိုငါလို မှည့်ထားတဲ့နာမည်ထင်လို့လား ထိပ်တင်လင်း။

( ယက္ခမယ်တော်က ဒီလိုဆိုလာသည်နှင့် သူတွေးမိသည်က စော...စောသည်လည်း စောထိပ်ထားဦးမဟုတ်လား။ ထို့ကြောင့် ယက္ခမယ်တော်အမေးကိုမဖြေဘဲ စောဘက်လှည့်ကာ...)

ဒါဖြင့် စောကရော....စောကလည်း

ဟုတ်တယ် မင်းမာန်..စောလည်းပဲ။ စော မေးချင်တာ တစ်ခုရှိတယ်။ ညီမင်းမာန်လို့ ဘာလို့စောတို့ကို ညာခဲ့တာလဲ။

မညာပါဘူးစော။ ကျွန်တော့်အရပ်သားနာမည်က ညီမင်းမာန်ပါ။ စောတို့ကတော့ နာမည်ကို တစ်မျိုးတည်း မှည့်တဲ့ထုံးစံရှိတယ်ထင်တယ်။ ကျွန်တော်တို့က နှစ်မျိုးမှည့်လေ့ရှိတယ်။ အနွယ်နာမည်နဲ့ အရပ်သား နာမည်လေ။ မှတ်ပုံတင်တို့ဘာတို့မှာတော့ အနွယ်နာမည်ကိုပဲ ထည့်ရတယ်။ အပြင်မှာတော့ ကျွန်တော် ကိုယ့်ကိုယ်ကို မိတ်ဆက်ရင် ညီမင်းမာန်လို့ပဲ သုံးနေကြမို့ပါ။ ဟိုကောင်တွေ လည်း ကျွန်တော့်ကို တစ်ခါတစ်ခါ ထိပ်တင်သူရိန်လင်း ဆိုတာတောင် မေ့နေကြတာပါ။ မင်းမာန်ပဲခေါ်ကြတာလေ။

အော်....

( ထိုစဉ်မှာပဲ အတန်းတက်ခေါင်းလောင်းထိုးသည်ကြောင့် သူတို့အတန်းထဲသို့ပြန်ဝင်ရပါတယ်။ စော...စောကလည်း အနွယ်တော်တဲ့လား။ သူဘာများဖြစ်တာပါလိမ့်။ စောက အနွယ်တော်လို့ သိလိုက်ရတာလေးကိုပင် သူဘာလို့ ဒီလောက် ဝမ်းသာနေရသလဲ။ သူ စောကိုများ.....မဖြစ်သေးပါဘူးလေ။ သူရော စောပါ ငယ်ကြသေးသည်ပဲ။ ဒီအရွယ် ကျောင်းသားလေးတစ်ယောက်ရဲ့ ရင်ခုန်သံကရော တစ်သက်တာလုံးအတွက် လေးနက်နိုင်မည်လား။ အချစ်ဆိုသည် ကို ဘာမှန်းမသိဘဲ ရင်ခုန်ရုံမျှနှင့်တော့ သူ့နှလုံးသားတစ်စုံကို မနှင်းအပ်လိုသေးပါ။ )

ရွှေမင်းသားရဲ့ ဖူးစာဖက်Where stories live. Discover now