ဝရံတာထောင့်စွန်းစွန်းနားလေးမှာထိုင်ပြီး အိမ်ရှေ့ရှိ
လေရူရာယိမ်းနွဲ့လှုပ်ရှားနေသော နှင်းဆီပန်းပင်ငယ်လေးများကို မျက်တောင်လေးတစ်ဖျက်ဖျက် ခတ်ကာ သူငေးကြည့်နေမိလေ၏ ။မပူတပူဗိုက်ကလေးပေါ်ကိုလက်ကလေးတင်ရင်းသူပြုံးလိုက်မိပါသည်။
ချစ်ရသူရဲ့ ရင်သွေးလေးကိုလွယ်ထားရသည်မဟုတ်ပါလား ။" သားကျန့် ဝရံတာရှေ့မှာ ဘာထွက်လုပ်နေတာလဲကွယ်
လေစိမ်းတွေတိုက်မယ်"ရှောင်ကျန့်ထိုင်ကာပြုံးနေမိစဉ် အိမ်တော်ထိန်း ကြီးကြီးမြဆိုသူရောက်လာတော့ စိုးရိမ်သည့်အကြည့်တို့ဖြင့်ကြည့်ကာ
စကားဆိုလာလေသည်။" ကြီးကြီးမြကလဲ ကျွန်တော်ဘာမှမဖြစ်ပါဘူး ဒီနားမှာခဏလေး ထိုင်ချင်လို့ပါ "
" သားကျန့်ရယ် ခက်တော့ခက်ပြီသခင်လေးအကြောင်းကို မသိတာလဲမဟုတ်ဘဲနဲ့ ခနနေသခင်လေးပြန်လာလို့မှ
တွေ့သွားရင်ဖြင့်....."ကြီးကြီးမြဆိုသူလည်း ပြာယာခတ်သောအပြောတွေနဲ့ ပြောကာ သက်ပျင်းချရင်းသာချလိုက်တော့သည်။
သူဟာယောက်ျားလေးတစ်ယောက်။ သို့ပေမဲ့ ကိုယ်ဝန်ဆောင်နိုင်သည်။
ကိုကိုရဲ့ ရင်သွေးလေးကို လွယ်ထားရတဲ့သူ့အတွက် ပင်ပန်းတယ်လို့ မငြီးငြူမိပါ။သို့ပေမဲ့လည်း သူ
သိပ့်ချစ်တဲ့ကိုကိုက သူ့ဘေးနားမှာမရှိတော့တဲ့အတွေးက သူ့အတွက်ပင်ပန်းစရာဖြစ်လာခဲ့ရလေသည်။ကိုကိုက ဘယ်တော့အခါမှသူ့ဘေးနားကိုပြန်မလာနိုင်တော့ဘူးလေ။
" ကျန့်ငယ်
ကျန့်ငယ် "ရှောင်ကျန့်အတွေးထဲနစ်မြောနေစဉ် ခေါ်သံစူးစူးလေးကြောင့်
အတွေးတွေကို ရပ်တန့်ပစ်လိုက်မိလေ၏ ။" မောင် ကျွန်တော်ဒီမှာပါ "
" ကျန့်ငယ် မင်းဘယ်လိုတွေ ဝတ်စားထားတာလဲအပြင်မှာလေစိမ်းတွေတိုက်နေတယ် မင်းမသိဘူးလား
ဗိုက်ထဲက ကလေးလေးအတွက်မင်းမစဉ်းစားဘူးလား
မင်းနေချင်သလိုနေ မင်းဝတ်ချင်သလိုဝတ်လို့ရမလား "
YOU ARE READING
မောင့်အရိုင်းပန်း(complete)
Fanfictionမောင့်အရိုင်းပန်းလေးတစ်ပွင့်မညိုးနွမ်းစေဖို့ရာ