အပိုင်း(11)zawgyi+uni

4.6K 326 8
                                    

တစ်ညတာကျော်လွန်ပြီး နိုးထလာသောရှောင်ကျန့်၏နံနက်ခင်းတွင် ချွေးတွေတစ်ပြိုက်ပြိုက်နဲ့ပေါ့။

အချိန်ကိုကြည့်လိုက်တော့ နံနက်6နာရီထိုးဖို့ 15မိနစ်အလို
ဘေးနားမှာလည်း မည်သူမျှရှိမနေပေ။

အထဲက ကလေးကလည်းသူ့ဗိုက်ကိုလာကုန်နေလေသည်။
ရက်ချိန်းမပြည့်သေးဘဲ ဗိုက်ထဲကနာနေတာ ဘာကြောင့်များလဲ။

" အားး မောင်ရေ ဖွားဖွား "

အစကတော့ကလေးကန်လို့နာနေတာနေမှာပါဆိုပြီး ငြိမ်နေခဲ့သော်လည်း မခံမရပ်နိုင်အောင်နာကျင်လွန်းတော့
အသံကုန်အောင် အော်ခေါ်မိလေတော့သည်။

" မောင်ရေ မောင် အားး သေပါပြီး "

အသက်ရှုသံတွေပင် ကျယ်သထက်ကျယ်လာကာ ခေါ်ဖို့အားတောင်မရှိတော့သလိုမောပန်းလာခဲ့၏။

အောက်ထပ်မှာရှိနေကြသည့်လူများကလည်း ရှောင်ကျန့်အသံကြားတော့ ပြေးတက်လာကြလေသည်။

" ကျန့်ငယ် ဘာ ဘာဖြစ်လို့လဲ "

" ဗိုက်နာတယ် အားး မောင် ဟင့် ကျွန်တော်မရတော့ဘူး "

ရိပေါ်ရောက်လာတော့ မွေ့ယာခင်းကိုကြပ်ကြပ်ပါအောင်ဆုပ်ပြီး ချွေးတွေအပြည့်နဲ့နာကျင်နေသော ရှောင်ကျန့်ကိုမြင်တော့
အရမ်းထိတ်လန့်သွားခဲ့လေသည်။

ကြီးကြီးမြကည်း ambulance ကိုခေါ်နေလေ၏ ။

ရိပေါ်လည်း ရှောင်ကျန့်ကိုပွေ့ချီပြီး အောက်ထပ်ကိုပြေးဆင်းလာခဲ့တော့သည်။

5မိနစ်အကြာတော့ ကားရောက်လာပြီး ambulance ထဲတွင် ရှောင်ကျန့်နဲ့အတူရိပေါ်လိုက်သွားလေတော့၏။

" အားး  မောင်  နာတယ် "

" ကျန့်ငယ် အားတင်းထားနော် မောင်တို့ကလေးလေးအတွက် အားတင်းထားရမယ်နော် "

" အားးး ဘာတွေပြောနေတာလဲ "

ရှောင်ကျန့်တစ်ယောက်နာကျင်လွန်းလို့ ရိပေါ်လက်ကို အားကိုးတစ်ကြီးဆုပ်ကိုင်ထားမိချိန်မှာ ရိပေါ်စီမှ မထင်မှတ်ဘဲကြားလိုက်ရတဲ့စကားကြောင့် ပြေလျော့သွားသောလက်ကလေး ။

မောင့်အရိုင်းပန်း(complete)Where stories live. Discover now