အပိုင်း(13)zawgyi+uni

4.4K 302 6
                                    

အခုဆိုရင် Company ပေါင်းများစွာကိုပိုင်ဆိုင်သည့် သူဌေးကိုညွှန်ပြပါဆိုလျှင် ရိပေါ်လို့သာ ညွှန်ပြကြပါလိမ့်မည်။

လွန်ခဲ့သော5နှစ်ကတည်းကရိပေါ်အချစ်ရေးနှင့်ပတ်သက်ပြီး
ကောလဟာလတွေထွက်ပေါ်ပြီးနောက် သူကိုယ်တိုင် LGBT တစ်ယောက်ဖြစ်ကြောင်း ဝန်ခံပြီး ဘာကိုမှဂရုမစိုက်တော့ဘဲ အလုပ်ကိုသာဖိလုပ်ခဲ့လေသည်။

အခုဆို Company ကိုစိတ်ချရသောလူယုံတွေနှင့်လွှတ်ထားကာ

အိမ်ထဲက ဆိုဖာပေါ်မှာ တွေးတောငေးမောကာစဉ်းစားနေလေ၏။

" သခင်လေး ဘာတွေထိုင်စဉ်းစားနေတာလဲ "

" အချိန်တန်ပြီးလို့ကျွန်တော်ယူဆတယ် ကြီးကြီးမြရော ဘယ်လိုထင်လဲ ။

ကျွန်တော်ဒီနှစ်တွေအတွင်း အလုပ်တွေကြိုးစားနေတာ
လုံလောက်ပြီးမလား။

ကျွန်တော်နဲ့ကျန့်ငယ်အတူနေသည့်အခါကြရင် နောင်ရေးအတွက်စိတ်ပူစရာမလိုဘဲ သားသမီးတွေလဲအများကြီးမွေးပြီး အမွေခွဲဖို့အတွက် စိတ်ပူစရာမလိုတော့ဘူးလေ။ "

စိတ်ကူးယဉ်ဆန်တယ်လို့ပဲပြောရမလား မသိပေမဲ့
ရိပေါ်စကားများကိုကြားသည့် ကြီးကြီးမြမှာတော့ ခေါင်းသာခါမိနေလေသည်။

ရှောင်ကျန့်ထွက်သွားပြီးကတည်းက အရမ်းလည်းနူးညံ့လာသလို အရမ်းလဲစိတ်ကူးယဉ်ဆန်တတ်လာသော ရိပေါ်ကြောင့်
တစ်အိမ်သားလုံးအံ့ဩမဆုံးပေ။

အဖွားဖြစ်သူက ရှောင်ကျန့်ကိုလိုက်ရှာပါဆိုသော်လည်း

"အခုချိန်သွေးပူနေတုန်းကျွန်တော်သွားရှာလျှင် ကျွန်တော်တို့ ထပ်ပြီးဝေးရမှာကြောက်တယ်။

ရှေ့ရေးကိုကြိုတွေးနောင်ရေးကိုရှေးရှုကာကျွန်တော်စိတ်ကျေနပ်သည့်အချိန်မှ ကျန့်ငယ်ဆီကိုလိုက်သွားမယ်တဲ့လေ။"

တစ်ဖက်မှာတော့သာယာသော ကျေးငှက်အသံတွေနှင့်အတူ အရိပ်ကောင်းတွေအပြည့်ရှိကာ သာယာလှပသော
ထန်းတစ်ပင်ရွာကလေးက သားဖနှစ်ယောက်သစ်ပင်ကြီးအောက်မှာ လိုက်တမ်းပြေးတမ်းဆော့နေကြလေ၏။

" ဟဲ့ ဟဲ့ ငကျန့် မင်းကဘာလို့ကလေးလိုလိုက်ဆော့နေတာလဲ "

အမေဖြစ်သူကလည်း မျက်စိရှေ့မှာ မကြီးမငယ်နဲ့ဆော့နေရတာလားဆိုပြီးအော်ပါတော့သည်။

မောင့်အရိုင်းပန်း(complete)Where stories live. Discover now