" ဝေါ့ ..အော့ "
ထမင်းစားဝိုင်းတွင် စထိုင်လိုက်တာနဲ့နှာခေါင်းထဲတိုးဝင်လာသော
ဟင်းရနံ့ကြောင့် ရှောင်ကျန့်တစ်ယောက်ဘေစင်ကို ပြေးရပါတော့သည်။" ကျန့်ငယ် အဆင်ပြေရဲ့လား
သားရေ မင်းပါးပါးအတွက် ရေတစ်ခွက်ယူလာပေးအုန်း "" ဟုတ်ဒယ်ဒီ "
ဒုတိယကိုယ်ဝန်စလွယ်ကတည်းက လူကဟင်းနံ့တွေမခံနိုင်တော့ပေ။
ရိအားရှန်းလေးတုန်းက ဘာမှမခံစားလိုက်ရပေ။
" ပါးပါး နေလို့ကောင်းသွားပြီးလား "
" ကောင်းသွားပါပြီ သား သွားလေထမင်းသွားစားတော့
ပါးပါးဘာမှမဖြစ်ဘူး "ရှောင်ကျန့်လည်း ကလေးထမင်းစားပျက်မှာဆိုးလို့ပြောလိုက်လေသည်။
ရိပေါ်ကတော့ ရှောင်ကျန့်ကိုမျက်စိအောက်ကနေအရိပ်တကြည့်ကြည့်ဖြင့်သာ စိုးရိမ်ပူပန်နေလေ၏။
" ကျန့်ငယ် မောင်တိုဆေးရုံသွားရအောင်"
" ဘာမှမဖြစ်ပါဘူးမောင်ကလဲ တစ်ချက်နားလိုက်ရင်ကောင်းသွားမှာပါ "
" ကျန့်ငယ်ကလဲကွာ အခုကျန့်ငယ်ကို ကြည့်ရတာမောင်အားမရဘူးကွာ
မောင်စိတ်ပူတယ် "သူ့ကိုစိုးရိမ်တဲ့မျက်ဝန်းတွေဖြင့်ကြည့်လာတဲ့မောင့်ကြောင့်
ဝေဒနာတွေတစ်ဝက်လောက်ပျောက်သွားသလိုပင် ။" ကျန့်ငယ် အခုဘာစားချင်လဲ "
" ကျွန်တော်စားချင်တာမောင်ကျွေးမှာလား "
" ကျွေးမှာပေါ့ ဘာစားချင်လဲပြော "
" ကျွန်တော်စားချင်တာက... "
ဒီလိုနဲ့ပဲရိပေါ်တစ်ယောက်သားဖြစ်သူနှင့်အတူ သူ့ရဲ့ကျန့်ငယ်စားချင်တဲ့ ဂဏန်းကို ဝယ်ရန်ထွက်လာခဲ့တော့သည်။
" ဒယ်ဒီ ဂဏန်းက မြို့မှာရှိလို့လား "
" ရှိတာပေါ့ သားရဲ့ မြို့မှာဆို ဈေးကြီးပေးပြီးဝယ်ရတာ
ဒါပေမဲ့ အမြဲတမ်းတော့မရဘူးမင်းပါးပါးကအရမ်းစားချင်နေတော့ ဒယ်ဒီတို့မရရတဲ့နည်းနဲ့ ဝယ်ကြတာပေါ့ "
YOU ARE READING
မောင့်အရိုင်းပန်း(complete)
Fanfictionမောင့်အရိုင်းပန်းလေးတစ်ပွင့်မညိုးနွမ်းစေဖို့ရာ