ရိပေါ်ဖျားနေသောအသံကြားသည်နှင့် ရိပေါ်ရှိရာအခန်းထဲကို
ရှောင်ကျန့်တစ်ယောက် ဒုန်းစိုင်းရောက်သွားတော့သည်။အခန်းထဲရောက်တော့ စောင်ပုံကြားမှာချွေးတွေနဲ့ ကယောင်ကတမ်းဖြစ်နေသော ရိပေါ်ကိုကြည့်ပြီး သူစိတ်မသက်မသာဖြစ်ရလေ၏။
ဖွားဖွားနဲ့ ကြီးကြီးမြကိုလည်းအိပ်ရေးပျက်မည်ဆိုးသောကြောင့်သွားအိပ်ခိုင်းလိုက်လေသည်။
" ချမ်းတယ် ချမ်းတယ် "
ခပ်တိုးတိုးလေးထွက်လာသောရိပေါ်နှုတ်ခမ်းဆီက စကားလုံးကိုသူသိပ်မကြားရသောကြောင့် အနားကပ်ကာ နားထောင်မလို့အလုပ် ရိပေါ်ရဲ့ဆွဲချချင်းကိုခံလိုက်ရလေသည်။
" အမေ့ မောင်ဘာလုပ်တာလဲ "
ရှောင်ကျန့်လည်းသူ့ကိုတင်းကျပ်နေအောင်ဖက်ထားသော ရိပေါ်ကြောင့် ဘယ်လိုမှရုန်းလို့မရနိုင်ပေ။
" ဟင့်ချမ်းတယ် ကိုယ့်အနားကထွက်မသွားပါနဲ့ "
" ကျွန်တော့်ကိုအဖျားကူးကုန်လိမ့်မယ် "
သူပြောနေသော်လည်းအရေးမပါတော့ပေ။အခုရိပေါ်ရဲ့နွေးနေသောရင်ခွင်ထဲမှာ တင်းကျပ်စွာအဖက်ခံနေရပြီ မဟုတ်ပါလား။
ဒီလိုနဲ့ပဲ ရှောင်ကျန့်လည်း ထိုနေရာမှာတင်တစ်ညလုံးအိပ်ပျော်သွားတော့သည်။
မနက်မိုးလင်းလာတော့ ရိပေါ်တစ်ယောက်နိုးလာခဲ့၏။ မျက်လုံးကိုစဖွင့်လိုက်တာနဲ့သူ့ရင်ခွင်ထဲမှာ အိပ်ပျော်နေသော ရှောင်ကျန့်ကို မြင်ပြီး မသိမသာလေး ပြုံးလိုက်မိ၏။
" ဟင် ငါဘာလို့ ပြုံးနေမိတာလဲ မဟုတ်သေးပါဘူး
ဟေး ကျန့်ငယ် ထတော့ ကျန့်ငယ် "အသေအချာပါပဲ။ ညကရှောင်ကျန့်စိတ်ပူနေသောအရာက အမှန်တကယ်ဖြစ်လာလေသည်။
ကိုယ်တွေကျစ်ကျစ်တောက်ပူကာမျက်လုံးတောင်မဖွင့်နိုင်တော့ပေ။
" ဟင့် မောင်ကျွန်တော့်မျက်လုံးတွေ ကျိန်းစပ်နေတယ် "
အားယူကာတစ်လုံးချင်းစီပြောနေသော ရှောင်ကျန့်ကြောင့်
ရိပေါ်ရင်ထဲ ဗလောင်ဆူလာကာ ရှောင်ကျန့်ကိုချက်ချင်းပွေ့ချီပြီး အောက်ထပ်ကို ဆင်းလာခဲ့သည်။