" ကိုကို မင်းအခုချိန်ကောင်းရာမွန်ရာရောက်နေလောက်ပြီးမလား
အဖေနဲ့အမေမရှိတော့တဲ့နောက်ပိုင်း ငါ့ဘေးနားမှာမင်းရှိနေတယ်ဆိုတဲ့ အသိနဲ့ ငါရှေ့ဆက်ခဲ့တယ်။မထင်မှတ်ဘဲငါတို့နှစ်ယောက်ကြားကိုသူစိမ်းယောက်ျားလေး
ဝင်လာတော့ ရန်ဖြစ်ကြရတယ် သွေးကွဲခဲ့ရတယ် နောက်ဆုံးသေကွဲခွဲ့ခဲ့ရတယ်။ငါ့ကိုတစ်ယောက်ထဲချန်ပြီး ထွက်သွားကြတယ်။ လူ့လောကထဲကို မင်းနဲ့ငါတစ်မိနစ်မခြားဘဲရောက်လာသလို
ထွက်ခွာရင်လည်း အတူတူထွက်ခွာသွားကြမယ်လို့ မင်းပဲပြောခဲ့တယ်လေအခုတော့..........."
ဒဏ္ဍာရီစာအုပ်လေးပေါ်မှာ ချရေးလိုက်သောသူ့အတွေးထဲကစကားလုံးလေးတွေ
မျက်ရည်မကျရုံတမယ် ခံစားနေရသော သူ့စိတ်ခံစားချက်တွေအားလုံးကို နားထောင်ပေးပြီးအဖော်ပြုပေးမဲ့ ဘောပင်ကလေးနဲ့စာအုပ်ကလေးရယ်သာ ရှိလေသည်။
ရိပေါ်လည်း လက်ထဲကဘောပင်လေးကိုစာအုပ်ပေါ်အသာလေးချပြီး
အတိတ်ကပုံရိပ်တစ်ချို့ကို ပြန်ကာမြင်ယောင်လာမိလေ၏ ။" ရိမင် မင်းဘာလို့ငါ့အဝတ်စားတွေယူဝတ်ထားတာလဲ "
" မင်းအဝတ်စားနဲ့ငါ့အဝတ်စားကအတူတူပဲလေ ဘာတွေတွန့်တိုနေတာလဲ မင်းအဝတ်လဲငါပိုင်တယ်
ငါ့အဝတ်တွေလဲမင်းပိုင်တယ်"အမွှာဖြစ်သူရိမင်စကားကြောင့် ရိပေါ်သက်ပျင်းချမိလေသည်။
ရိမင်ကရိပေါ်ထက် စက္ကန့်နဲ့ကြီးပေမဲ့လည်း ရိပေါ်လောက်မရင့်ကျက်ပေ။ရိပေါ်ကတော့လူငယ်တစ်ယောက်လို့ထင်ရက်စရာကိုမရှိပေ။
အနေအထိုင်အသွားလာအစားသောက်တွေကအစ စီးပွားရေးဆန်သောဦးလေးကြီးတစ်ယောက်လို ဖြစ်နေလေ၏ ။ထို့ကြောင့် ရိမင်နဲ့ ရိပေါ် တို့မိဘတွေမရှိတော့တဲ့နောက်ပိုင်း လုပ်ငန်းတွေအားလူံးကို ရိပေါ်ကပဲဦးစီးဦးကိုင်လုပ်လေသည်။
ရိမင်ကတော့ပေါ့ပေါ့ပါးပါးနဲ့ပျော်ပျော်နေတတ်သူ ဖြစ်သောကြောင့်လုပ်ငန်းကိစ္စတွေကိုစိတ်မဝင်စားပေ။
YOU ARE READING
မောင့်အရိုင်းပန်း(complete)
Fanfictionမောင့်အရိုင်းပန်းလေးတစ်ပွင့်မညိုးနွမ်းစေဖို့ရာ