"ပါးပါးရေ ပေါ်ပေါ် နိုးပြီးလား "
ရိပေါ်နဲ့ရှောင်ကျန့်တစ်ယောက်နဲ့တစ်ယောက်အကြည့်တွေဆုံနေခိုက် ရိအားရှန်းလေးအဝေးကနေအသံပေးပြီး အခန်းထဲကိုခုန်ဆွခုန်ဆွနဲ့ရောက်လာခဲ့လေသည်။
ရိပေါ်လည်း သားလေးအပေါ်ဂရုဏာအကြည့်တွေဖြင့်ပြုံးကာကြည့်နေမိလေ၏။
ကျန့်ငယ်ကို ပါးပါးခေါ်တော့ ဒီကလေးဟာသူ့သားလေးပေါ့။
" ကျန့်ငယ် ရိအားရှန်းလေးက ကိုယ်တို့သားလေးလားဟင် "
" မဟုတ်ဘူး မောင့်သားတရားဝင်မဖြစ်သေးဘူး အခုထက်ထိကျွန်တော့်သားတစ်ယောက်ထဲပဲ "
" ပါးပါး နဲ့ပေါ်ပေါ် ဘာတွေပြောနေကြတာလဲ
ပေါ်ပေါ် လာလေသားတို့သွားရအောင် "" သား လူကြီးကိုဘယ်လိုခေါ်နေတာလဲ အဲ့လိုမခေါ်ရဘူးလေ
သွားသွား ပါးပါးတို့ပြောစရာရှိတယ် "" ဟွန့် ပါးပါးက သားပေါ်ပေါ်ကို လုယူလိုက်ပြန်ပြီး "
သူ့ကိုမောင်းထုတ်လိုက်သော သူ့ပါးပါးကြောင့် ရိအားရှန်းလေးတစ်ယောက် မျက်နှာကြီးဆူပုပ်ကာ ထွက်သွားလေရဲ့။
ရိပေါ်ကတော့ ရှောင်ကျန့်နဲ့သူသားလေးကိုကြည့်ပြီး ကြည်နူးနေတော့လေသည်။
" ကျန့်ငယ်ရယ် ကလေးကိုမပြောပါနဲ့ မောင်ကအဲ့လိုခေါ်ခိုင်းထားတာပါ "
" မသိဘူးဗျာ ကျွန်တော့်သားလေးကို ဖျက်လိုဖျက်စီးလုပ်ဖို့မကြံနဲ့
ဒါပဲအပြီးပြောထားမယ် ကျွန်တော်မောင့်ကိုပြန်လက်မခံမချင်း
မောင်ဟာ သားရဲ့ Daddy မှန်းအသိမပေးရဘူး "" Why? "
" Because of you "
" ဟမ် ကျန့်ငယ် ဟိတ် မောင့်ကိုစောင့်အုန်းလေ "
ပြောပြီးပြီးချင်း သူ့ရှေ့ကနေ လှစ်ကနဲထွက်သွားသော ကျန့်ငယ်နောက်ကို အမြန်လိုက်ရပါတော့၏။
လူကသေးသလောက်ခြေလှမ်းတွေက နှေးတာမို့ အသာလေးလိုက်မိပါသည်။" ကျန့်ငယ် မောင်မိရင်တော့မလွယ်ဘူးနော် "
ရှောင်ကျန့်လည်းသူ့ကိုရိပေါ်မမိနိုင်ဘူးထင်ပြီး လျှာတောင်ထုတ်ပြသွားလေရဲ့။
YOU ARE READING
မောင့်အရိုင်းပန်း(complete)
Fanfictionမောင့်အရိုင်းပန်းလေးတစ်ပွင့်မညိုးနွမ်းစေဖို့ရာ