" မောင် ဘာလုပ်တာလဲ ကျွန်တော်ရေမချိုးချင်ဘူးနော်
မောင် "" တိတ်တိတ်နေ ငါးပိအနံ့တွေနံတယ် "
ရုန်းနေတဲ့ရှောင်ကျန့်လက်နှစ်ဖက်ကို သူ့ရဲ့လက်တစ်ဖက်နဲ့ဖမ်းကိုင်လိုက်ပြီး ရေချိုးဇလုံထဲကိုရေထည့်ကာ ဆပ်ပြာရည်အနည်းငယ်ထည့်ပြီး အမြှပ်ထအောင်မွှေလိုက်လေ၏ ။
ထို့်နောက်ရှောင်ကျန့်ကိုယ်ပေါ်ကအဝတ်ကိုချွတ်ကာ
ကိုယ်လေးကိုရေချိုးဇလုံထဲကိုဖြေးဖြေးလေးချပေးလိုက်လေသည်။" သွားလေ ဘာကြည့်နေတာလဲ ရေချိုးဆိုချိုးလိုက်မယ် မောင်ကအဲ့လိုကြည့်နေတော့ ကျွန်တော်ရှက်တယ် "
" လျှာကအရပ်ထက်ရှည်ပြန်ပြီး ကျန့်ငယ်မင်းတစ်ကိုယ်လုံးငါမမြင်ဖူးတာမရှိဘူး
ချိုးစရာရှိချိုး မကြာစေနဲ့ ငါဒီမှာစောင့်နေမယ် "
" သိပါတယ် လူကိုဟိန်းလားဟောက်လား
အမြဲလုပ်ချင်နေရောပဲ "ရှောင်ကျန့်လည်းသူ့ကိုစိုက်ကြည့်နေတဲ့ရိပေါ်ကြောင့်ရေပဲ
ဆက်ချိုးရမလိုလို ငြိမ်ပဲငြိမ်ရမလိုလိုဖြစ်နေခဲ့သည်။" ကျန့်ငယ် "
"ဘာလဲ"
" ချိုးစရာရှိချိုးလို့ပြောနေတယ်မကြားဘူးလား ငါမင်းဘေးမှာ ရှိမနေဘူးလို့သဘောထားလိုက် "
" လူအကောင်လိုက်ကြီးရှိနေတာတောင် မရှိဘူးလို့သဘောထားရအောင် ကျွန်တော်ရူးနေတာမှမဟုတ်တာ "
" ဘာ မင်းတော့နော် ငါလုပ်ထည့်လိုက်ရင်ဖြင့် "
တစ်ခွန်းမကျန်အောင်ပြန်ခံပြောနေတဲ့ ရှောင်ကျန့် ကိုသူရိုက်ပစ်ချင်နေလေသည်။
လူကိုမကြောက်မလန့်နဲ့ပြန်ကာပြောနေသော ရှောင်ကျန့်ရဲ့ပုံကြောင့် ရိပေါ်အသည်းတွေ တယားယားဖြစ်နေလေရဲ့။5မိနစ်ပြည့်တော့ရှောင်ကျန့်လဲရေချိုးပြီး တဘတ်ကို ပတ်လိုက်ပြီးတာနဲ့ သူ့ရဲ့ကိုယ်လေးကရိပေါ်လက်ထဲမှာ ချက်ချင်းဆိုသလို ပွေ့ချီပြီးသားဖြစ်နေလေ၏။
YOU ARE READING
မောင့်အရိုင်းပန်း(complete)
Fanfictionမောင့်အရိုင်းပန်းလေးတစ်ပွင့်မညိုးနွမ်းစေဖို့ရာ