အပိုင်း(19)zawgyi+uni

3.6K 229 2
                                    

" ကျန့်ငယ် မောင်မေးနေတာဖြေအုန်းလေ"

"ကျွန်တော်လည်း မောင့်ကို.. ချစ် "

" ပါး ပါး.... "

မောင့်အကြည့်တွေကိုရင်မဆိုင်နိုင်တော့ဘဲ ခေါင်းလေးငုံ့ကာ
နှလုံးသားထဲကစေခိုင်းသည့်အတိုင်း နှူတ်ဖျားကလေးကနေထွက်သွားတော့မဲ့အချိန်
သားလေးခေါ်သံကြားတော့ စကားလုံးတွေဟာ လေထဲမှာတင်ပျောက်ကွယ်သွားလေ၏။

"   ပါးပါးတို့ ဘာလုပ်နေကြတာလဲ "

" ဘာ ဘာမှမလုပ်ဘူး ပြန်တော့မယ်"

ရှောင်ကျန့်လည်း သားဖြစ်သူကြောင့် ရိပေါ်လက်ကိုလွှတ်ချလိုက်ပြီး ထိုနေရာကနေ ထွက်ပြေးသွားလေ၏။

ကျန်းချန်နဲ့ကျင်းလင်လည်းရှောင်ကျန့်နောက်ကို ပြေးလိုက်သွားလေတော့သည်။

ရိအားရှန်းလေးကတော့ ထူးဆန်းသောအကြည့်တွေနဲ့ သူ့ပါးပါးကိုလှမ်းကြည့်နေလေ၏။

" ကျန့်ငယ်..."

ရိပေါ်လည်းရှောင်ကျန့်နောက်ကနေလိုက်ဖို့အသွား ရိအားရှန်းလေးတစ်ယောက်လက်ကလေးပိုက်ကာရိပေါ်ရှေ့ ပိတ်ရပ်လိုက်လေသည်။

" ပေါ်ပေါ် ဘာလို့ ပါးပါးနောက်လိုက်တာလဲ "

" သားသားရယ် ရတော့မှာကိုကွာ အခုတော့ လွတ်သွားပြီး "

" ဘာရတာလဲ ပေါ်ပေါ် "

ကလေးတို့်သဘောတရားအတိုင်းကြံကြံဖန်ဖန်စပ်စပ်စုစုမေးတတ်ပါပေသည်။

ရိပေါ်လည်း လွတ်သွားတဲ့ အခွင့်ရေးကို နှမြောလို့မဆုံးပေ။
ထို့နောက် စိတ်ပျက်စွာနဲ့ပင်
ရိအားရှန်းလေးအရပ်နှင့်ညီအောင် ဒူးထောက်ကာထိုင်ချလိုက်ပြီး
သားဖြစ်သူကို ပွေ့ဖက်လိုက်လေ၏။

" ပေါ်ပေါ် "

ရိအားရှန်းလေးတစ်ယောက် ရိပေါ်ရဲ့အပြုမူကိုနားမလည်နိုင်ဖြစ်နေလေ၏။

" သားလေး  သားအခုချိန် ဒယ်ဒီ ကိုတွေ့ချင်နေမလား "

"ဗျာ "

" အမှန်တော့ ပေါ်ပေါ်က သားရဲ့ဒယ်ဒီပါ " 

" ဘာတွေလာပြောနေတာလဲ ပေါ်ပေါ် "

မောင့်အရိုင်းပန်း(complete)Where stories live. Discover now