ရှောင်ကျန့်တစ်ယောက် ရိပေါ်ကိုချစ်တယ်လို့ပြန်ပြောလိုက်ပြီးနောက်
လူကလုံးဝကို လုံးပါးပါးကျတော့မည့်အတိုင်းပင်။တစ်နေ့24နာရီရှိတဲ့အချိန်တောင် 23နာရီလောက်က
ရိပေါ်ကို ချစ်တယ်လို့ ပြန်ပြန်ဖြေပေးနေရလေ၏။" ကျန့်ငယ် မောင့်ကိုချစ်လား "
" ချစ်တယ် "
"မောင့်ကိုချစ်လားလို့ "
" ဟာချစ်ပါတယ်ဆိုဗျာ ဖြေရလွန်းလို့ အာပေါက်တော့မယ် "
" ကျန့်ငယ်က ငြိုငြင်တာလား "
" ဖြစ်ရပြန်ပြီ "
အခုဆိုရင် တစ်ရွာလုံးကလည်း ရိပေါ်နဲ့ရှောင်ကျန့်အကြောင်းကို သိကုန်ကြလေပြီ။
ကျော်ထင်ကတော့ အချုပ်ခန်းထဲကနေလွတ်လာပြီး အရင်တိုင်းပင် သောက်လိုက်စားလိုက် ပွေလိုက်ရှုပ်လိုက်ပင်။
အခုလည်း အခန်းထဲမှာ ရှောင်ကျန့်တစ်ယောက်စူပုပ်ပုပ်ကြီးထိုင်နေလေသည်။
အကြောင်းမှာ သူ့နှုတ်ခမ်းလေးကို မှန်ထဲမှာပြန်ကြည့်ရင်းစိတ်အလိုမကျ ဖြစ်နေလေ၏။" မောင် ဘယ်လိုဖြစ်နေတာလဲ ဒီမှာ ဒီမှာ တွေ့လား မောင်နမ်းလွန်းလို့ကျွန်တော့်နှုတ်ခမ်းလေးတောင်
လက်ယောင်လိုက်တဲ့အတိုင်း ကြီးလာသလိုပဲ "" ဟာ အဲ့တာကလက်ယောင်လိုက်တာလို့ဘယ်ခေါ်မလဲကျန့်ငယ်ရဲ့
မောင့်နှုတ်ခမ်းယောင်လိုက်တာ "" ဟာ မောင်နော်ပြောလေကဲလေ ခဏနေသားလေးလာရင်
အပြောခံထိနေအုန်းမယ် "အခုဆိုရင် ရိအားရှန်းလေးတစ်ယောက်အရင်လိုသူ့ဒယ်ဒီနဲ့သူ့ပါးပါးကို အောင်သွယ်တော်လုပ်ပေးဖို့နေနေသာသာ
သူ့ရှေ့မှာအလွန်မင်တရာချစ်ပြနေလို့ အမြင်ပါကပ်ကုန်လေပြီ။ထို့ကြောင့်ရိပေါ်နဲ့ရှောင်ကျန့်လည်းရိအားရှန်းရှေ့တွင် အနေအထိုင်ဆင်ခြင်နေရလေသည်။
အခု ရိအားရှန်းလေးကျောင်းသွားနေလို့သာ ရိပေါ်တစ်ယောက်အခွင့်အကောင်းယူနေတုန်း အောက်ထပ်က ကိုယ်တော်မောင်က အသံပေးလာလေ၏။" ဒယ်ဒီ ပါးပါး
ဘယ်ရောက်နေကြတာလဲ "" ဟောသားလေးပြန်ရောက်လာပြီး အနေအထိုင်ဆင်ခြင်နော်
ကျွန်တော်အများကြီးမပြောချင်ဘူး ဟွန့် "
YOU ARE READING
မောင့်အရိုင်းပန်း(complete)
Fanfictionမောင့်အရိုင်းပန်းလေးတစ်ပွင့်မညိုးနွမ်းစေဖို့ရာ