အပိုင်း(10) zawgyi+uni

4.7K 319 5
                                    

ရှောင်ကျန့်လည်းသူငယ်ချင်းဖြစ်သူနှစ်ယောက်ကိုပြောပြရင်း ပါးပြင်ထက်ကိုမျက်ရည်တွေကို ညှင်သာစွာသုတ်လိုက်လေသည်။

" ငကျန့် မင်းအဖြစ်ကလဲဆိုးလိုက်တာကွာ ဒါဆိုခုနကငါတို့တွေ့တဲ့သူကအကိုရိမင်ရဲ့အမွှာညီ ရိပေါ်ပေါ့ "

" အင်း "

သူငယ်ချင်းဖြစ်သူနှစ်ယောက်ကလဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာစိတ်မကောင်းရုံကလွဲဘာမှမတတ်နိုင်ကြပေ။ 

ရှောင်ကျန့်လည်းငိုချင်စိတ်ကိုပြန်ထိန်းရင်း သူ့သူငယ်ချင်းတွေကိုပြန်ပြုံးပြလိုက်လေ၏။

" ငါနေသားကျသွားပါပြီး မင်းတို့လဲစိတ်မကောင်းဖြစ်မနေကြနဲ့ "

" ငကျန့်ရာ ငါတို့ဆီပြန်လာခဲ့တာမဟုတ်ဘူး  "

" အွန်းပြန်လာချင်တာပေါ့ ကိုကိုမရှိတော့သည့်နောက်ပိုင်း
ငါ့မွေးရပ်ဇာတိဆီပြန်လာချင်တာပေါ့။

အဲ့ဒီနေ့ ငါနိုးလာတော့ဆေးရုံရောက်နေပြီး။ ပြီးတော့Doctor တွေကငါကိုယ်ဝန်ရှိနေပြီးတဲ့ 
ငါဘာဆက်လုပ်ရမလဲမသိတော့ဘူး။

ငါက ငါကယောက်ျားလေးတစ်ယောက်လေ ။အဲ့အချိန်မောင်က မဟုတ်ဘူးရိပေါ်ငါ့ဆီရောက်လာခဲ့တယ်။
အဲ့ကိုယ်ဝန်ကို သူစောင့်ရှောက်ပေးမယ်တဲ့။

ငါလေအဲ့ဒီအချိန် အရမ်းကိုတိတ်ဆိတ်သွားခဲ့တာ။

ငါပြန်ပြီးမေးခွန်းထုတ်မိတယ်။ "

အဲ့ဒီနေ့ကပေါ့......

"ဘာ ကျွန်တော့်ဘာသာကျွန်တော်စောင့်ရှောက်နိုင်တယ်
ဒီရင်သွေးလေးကို ကိုကိုမရှိပေမဲ့ကျွန်တော် ဂရုစိုက်နိုင်တယ်
ရအောင်မွေးမယ် ကိုကို့အသွေးသားလေး လူ့လောကထဲကိုရောက်လာစေရမယ် "

ရှောင်ကျန့်လက်မခံနိုင်ပါ။ ရိမင်မျက်နှာကြောင့်မြို့ပေါ်လိုက်လာတာ အခုရိမင်မဟုတ်တဲ့ တစ်ခြားယောက်ျားလေးတစ်ယောက်က သူ့ကို ..

" မင်းထင်ရာတွေ လျှောက်ပြီးတွေးမနေနဲ့ ရှောင်ကျန့်  ငါ့အကိုသေတာမင်းကြောင့်

ပြီးတော့ မင်းဗိုက်ထဲက ကလေးက ငါ့အသွေးသား "

" ဘာ "

မောင့်အရိုင်းပန်း(complete)Where stories live. Discover now