အခုဆိုရင် ကျန့်ငယ်သူ့ကိုမခေါ်မပြောသည်မှာ
တစ်ရက်တောင်ရှိလေပြီ ။သားလေးတစ်ယောက်ရထားသော်ငြားလည်းအားကိုးရမယ်မ
ကြံကူပြောပေးမယ်မရှိဘူး။" ကျန့်ငယ်ရေ ကျန့်ငယ်
မောင့်အဖြစ်ကိုလာကြည့်ပါအုန်းကွာ"ဧည့်ခန်းထဲမှာတစ်ယောက်ထဲထိုင်ညည်းနေသည်မှာ
လေလွင့်နေသည့်နွားကလေးအတိုင်းပင် ။ကျန့်ငယ်နဲ့တွေ့မှအရင်က ဟိတ်ဟန်မာနတစ်ဖွဲဂုဏ်ပုဒ်တွေတောင်ဘယ်နားသွားလို့ရှာရမယ်မှန်းကိုမသိတော့ပေ။
" အားးး "
ရိပေါ် တစ်ကိုယ်တည်းထိုင်ဆွေးနေတုန်း အပေါ်ထပ်ကအော်သံကြားတော့ လန့်သွားလေသည်။
" ကျန့်ငယ် ကျန့်ငယ်အော်သံမလား "
ရှောင်ကျန့်ကိုစိတ်ပူလွန်းစောဖြင့် လှေကားထစ်ကိုတောင် ဘယ်နှစ်ဆစ်ကျော်တက်မှန်းမသိတော့ဘဲ ပြေးတက်လာခဲ့လေ၏။
" ကျန့်ငယ် "
အခန်းထဲရောက်သွားတော့ ရေချိုးခန်းထဲမှာလဲကျနေတဲ့သူကိုတွေ့တော့ လူကမျက်လုံးတွေတောင်ပြာသွားလေသည် ။
" ဟင့် မောင် နာတယ် "
သူ့ဗိုက်ကလေးကိုနှိပ်ကာ နာတယ်ဆိုပြီး ပြောလာတဲ့ ကျန့်ငယ်ကြောင့် ရိပေါ်ဘာကိုမှ မမေးနိုင်တော့ဘဲ
ကိုယ်လေးကိုပွေ့ချီလိုက်ကာ ဆေးရုံကိုသာအမြန်ပြေးသွားလေပါတော့သည် ။ဗိုက်ထဲက ကလေးလေးနဲ့  ကျန့်ငယ်ဘာမဖြစ်ဖို့သာတစ်လမ်းလုံးဆုတောင်းနေမိတော့၏။
At hospital ....
" Doctor လူနာအခြေနေ "
" အခြေမှီရောက်လာလို့တော်သေးတယ်ဗျာ ကိုယ်ဝန်သည်တွေကို တစ်ယောက်ထဲပစ်မထားပါနဲ့
ယောက်ျားလေးတွေဆို ပိုပြီးတော့ဂရုစိုက်ရတယ်
လူက ရုတ်တရက်ချော်ကျသွားတော့ အောက်ကိုကျသွားတဲ့အရှိန်နဲ့ဗိုက်ကိုထိသွားတာပါအခုစိတ်ချရပါပြီး "
" ဟူးးး ကျေးဇူးတင်ပါတယ်Doctor "
အခုမှသူလည်း သက်ပျင်းကောင်းကောင်းချနိုင်ပါလေတော့သည်။
နောက်ဆို ကျန့်ငယ်ဘယ်လောက်စိတ်ကောက်ကောက် အနားမှာတွယ်ကပ်ပြီးနေနေအုန်းမှပဲ
YOU ARE READING
မောင့်အရိုင်းပန်း(complete)
Fanfictionမောင့်အရိုင်းပန်းလေးတစ်ပွင့်မညိုးနွမ်းစေဖို့ရာ