အပိုင်း(20) zawgyi+uni

3.7K 216 4
                                    

အခုဆိုရင် ရွာထဲကသူတွေအလုပ်တစ်ခုပိုသွားပြန်လေပြီ။
သူများအကြောင်းလိုက်စပ်စုတဲ့အလုပ်ပေါ့။ ဘုန်းကြီး
ကျောင်းက ကပ္ပိယလေးက ဘာလို့ရုတ်တရက် ရှောင်ကျန့်တို့ အိမ်ရောက်သွားရတာလဲဆိုတာကိုပင်။

" ဇွန်ဖြူ နင်ဘာတွေ တွေးနေတာလဲ "

" ဘာရယ်လို့တော့မဟုတ်ပါဘူး မနေ့ကဘုန်းကြီးကျောင်းက
ကပ္ပိယလေးအကြောင်းတွေးမိနေတာပါ

သူ့ပုံစံက ငါလိုချင်တဲ့ပုံစံမျိုးပဲနင်သိလား "

နှင်းဆီပန်းလေးတစ်ပွင့်ကိုကိုင်ရင်း ပြုံးကာသူငယ်ချင်းဖြစ်သူ
အေးကြည်ကိုပြောပြနေတဲ့  ရွာကွမ်းတောင်ကိုင်လေးဇွန်ဖြူ။

" ဇွန်ဖြူ နင်သူ့ကိုချစ်မိနေတာတော့မဟုတ်ပါဘူးနော် "

" မသိဘူး မြင်မြင်ချင်းအချစ်ဆိုတာတကယ်ပဲလား
သူ့ရုပ်ရည် အရပ်အမောင်းကစငါ့အကြိုက်ပဲ
ပြီးတော့မြို့ကနေလာတယ်ဆိုတော့ ချမ်းသာမဲ့ပုံပဲ
အေးကြည် နင်ရောဘယ်လိုထင်လဲ "

" မကောင်းပါဘူးဟာ နင့်အတွေးကိုချက်ချင်းပြန်ရုတ်သိမ်းဖို့ကောင်းတယ်
နင့်မှာ ကျော်ထင်တစ်ယောက်လုံးရှိနေတာလေ "

အေးကြည်ပြောလာတဲ့စကားကြောင့် ဇွန်ဖြူတစ်ယောက်
လက်ထဲက ကိုင်လာတဲ့နှင်းဆီပန်းကိုမြေပေါ်ပြစ်ချကာ နင်းချေလိုက်လေ၏။

အေးကြည်လည်း ဇွန်ဖြူလုပ်ရပ်ကိုအံ့ဩနေလေတော့သည်။
ထိုပန်းလေးက ဇွန်ဖြူ့ချစ်သူကျော်ထင်ပေးထားတဲ့ပန်းမဟုတ်လား။

" ဇွန်ဖြူ နင်ဘာလုပ်တာလဲ "

" နင်းချေလိုက်တာလေ နင်မမြင်ဘူးလား
ကျော်ထင်ကိုခေါက်ထားလိုက်စမ်းပါဟာ
သူ့ကိုငါမှတကယ်မချစ်ဘဲ ပြီးတော့ငါက ရုပ်ရည်ရှိတယ်လေ
ဘယ်ယောက်ျားလေးကမှ ငါ့လိုပြီးပြည့်စုံတဲ့မိန်းကလေးကို
ငြင်းမှာမဟုတ်ဘူး "

" ဒါပေမဲ့ဟာ......"

အေးကြည်လည်း သူငယ်ချင်းဖြစ်သူဇွန်ဖြူအကြောင်းကို သိတော့ဘာမှဆက်မပြောတော့ ပေ။

တစ်ဖက်မှာတော့  ရိပေါ်တို့သားဖနှစ်ယောက် အိမ်ရှေ့မှာထိုင်ကာတီးတိုးပြောနေလေရဲ့။

မောင့်အရိုင်းပန်း(complete)Where stories live. Discover now