(Unicode)
" အင်း နွေးတယ်။ ပြီးတော့ အနံ့ကလည်း မွှေးမွှေးလေး "
ရှောင်းကျန့်က အနံ့သင်းသင်းလေးရလို့ တိုးတိုးလေးရေရွတ်မိရင်း အိပ်ယာကနေနိုးလာသည်။
မျက်လုံးကို အသာဖွင့်ကြည့်လိုက်တော့ တစ်ခုခုက ကာဆီးထားသလိုဖြစ်နေသည်။
နေပါဦး ဘာကြီးလဲ!
လူကလည်း တင်းတင်းကျပ်ကျပ်ဖက်ခံထားရပြီးတော့ ခါးပေါ်ခွထားတဲ့ခြေထောက်တစ်ဖက်။
အခြေအနေအရပ်ရပ်ကို သူံးသပ်ပြီးတဲ့နောက်မှာ သဘောပေါက်လိုက်တာက သူက ကောင်လေးရဲ့ ရင်ခွင်ထဲမှာ ရင်ဘတ်ကို မျက်နှာအပ်လို့ အိပ်နေတာဖြစ်နေ၏။
ရှောင်းကျန့် ညက ကောင်းကောင်းအိပ်မရခဲ့။ ကောင်လေးရိပေါ်က ရှောင်းကျန့်ကို တစ်ချက်တစ်ချက် ဆောင့်ဆောင့်ကန်သည်။ လက်ကားယားခြေကားယားနဲ့ ယောင်ကယောင်တတ်သေးသည်။ကောင်လေးတစ်ခါယောင်လိုက်တ်ိုင်း ရှောင်းကျန့်ရဲ့ ဒဏ်ရာကို လာလာထိ၏။
အိပ်ရေးကြမ်းလိုက်တာကွယ်။
ဒီလိုပူံစံနဲ့ဆို မဖြစ်ချေဘူးဆိုပြီး ကားယားကြီးအိပ်နေတဲ့ ရိပေါ်ကို အတင်းအကျပ်ဖြစ်ညှစ်လို့ရင်ခွင်ထဲ ထည့်သိပ်တော့မှ ရှောင်းကျန့်လည်းကောင်းကောင်းအိပ်ရတော့သည်။
မိုးအေးအေးနဲ့ဆိုတော့ ကောင်လေးကိုဖက်ထားရတာ ခပ်နွေးနွေးလေးဖြစ်လို့နေသည်။
မနက်ရောက်တော့ ပြောင်းပြန်ဖြစ်လို့ သူက ကောင်လေးရင်ခွင်ထဲရောက်သွားတာကလွဲရင် အဆင်ပြေသည်။ တစ်ကိုယ်လူံး တက်ဖိတော့မတတ် အခွခံထားရတာကလွဲရင် အေးဆေး။
ကောင်လေးရဲ့ ခပ်သင်းသင်းရနံ့လေးနဲ့ နိုးထလာရတော့လည်း စိတ်ကြည်လင်လို့။
မိုးကလည်း ခပ်အေးအေးဆ်ိုတော့ ဒဏ်ရာကနည်းနည်းကိုက်သည် ။
အိပ်ယာအရင်နိုးနေတာဆိုတော့ မျက်နှာထသစ်ရင်ကောင်းမလားတွေးမိသေး၏။မသစ်သေးပါဘူး။ ကောင်လေးကပဲ မျက်နှာသစ်ပေးလိမ့်မယ်။ ဒဏ်ရာနဲ့ဆိုတော့ သိပ်မလှုပ်ရှားသင့်ဘူးလို့ထင်လို့ ¯\_(ツ)_/¯
YOU ARE READING
MY UNIVERSE (Zhanyi)