Ep - 16

4.2K 421 51
                                    

(Unicode)

တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းမဆိုင်ပဲ ကျောပေးလို့ အိပ်နေတာ နှစ်ရက်တိတိ။ နှစ်ယောက်လုံးမှာ အတွေးကိုယ်စီနဲ့ဆိုတော့ တစ်ကုတင်တည်းအိပ် တစ်စားပွဲတည်းစားနေပေမယ့် ဖာသိဖာသာ။

အရင်နေ့တွေကလောက် စကားမပြောဖြစ်ကြတော့သလို ရှောင်းကျန့်ကစာကြည့်ခန်းထဲမှာ အချိန်ကုန်တာများပြီး ရိပေါ်ကတော့ အားယွမ်လေးကို အဖော်ပြုရင်း  အချိန်ကုန်တာများသည်။

ရှောင်းအိမ်တော်က လူတွေနဲ့ ရိပေါ်နဲ့ကတော့  တော်တော်ရင်းနှီးနေကြပြီ။

ရိပေါ်နဲ့ရှောင်းကျန့်က မခေါ်မပြောဆိုပေမယ့် ရိပေါ်ဘက်က အိမ်ပြန်ချင်တယ်ဆိုတဲ့ စကားတစ်ခွန်းတောင် ဟမလာ။ 

ရှောင်းကျန့်နဲ့ ရိပေါ်ကိုစရောက်ခါစနေ့ကတည်းက အမြဲတမ်း အကဲခတ်နေတဲ့ ရှောင်းမာမားဟာ ကလေးနှစ်ယောက် စကားပြောတာကို မတွေ့တော့ သက်ပြင်းတချချ။

မနေ့တစ်နေ့ကမှ ရွှင်ရွှင်လန်းလန်းရှိနေတဲ့ သားရှောင်းကျန့်က နှစ်ရက်အတွင်း သူမကို စကားတစ်ခွန်းမှမဆိုလေတော့ ရှောင်းမာမားလည်း အနေရခက်လို့။ ဟိုတစ်နေ့က သူမကြောင့်များ သားကျန့်စိတ်ဆိုးသွားတာလား။ သူမပဲ လွန်သွားတာလား။

ရိပေါ်ဆိုတဲ့ ကလေးကြောင့်သားကျန့်  ပျော်ရတာကို ထည့်မတွက်ပဲ သားကျန့်က သူမကိုဘေးဖယ်လို့ ရိပေါ်ကိုပဲ ဂရုစိုက်နေတယ်ဆိုပြီး တစ်ဖက်သတ်ပဲ တွေးလိုက်မိသည်။

သားကျန့်စည်းမျဥ်းစည်းကမ်းတွေရဲ့ အဝေးမှာရှိပြီး လွတ်လွတ်လပ်လပ်ပျော်နေတဲ့ အခိုက်အတန့်လေးတွေကို သူမနှောက်ယှက်မိပြီထင်သည်။

သူမဘက်က တစ်ခုသိချင်တာတော့ရှိသည်။ သက်တူရွယ်တူ သူငယ်ချင်းတွေလည်းမဟုတ်ပါပဲ အသက်တော်တော်ကွာတဲ့ ကလေးနဲ့ကျမှ သားကျန့်က ဘာလို့ တရင်းတနှီးနဲ့ အလေးပေးလို့ ပျော်ရွှင်နေရသည်လဲ။ အဲ့ကလေးရဲ့ ဘေးမှာဆိုရင် အမူအရာတွေ အပြောဆိူတွေ အကြည့်တွေကအစ တခြားသူလိုဖြစ်နေရသည်လဲ။

သားနှစ်ယောက်မွေးထားတဲ့အပြင် မြေးပါရနေပြီဖြစ်တဲ့ အသက်ငါးဆယ်ကျော်အရွယ်သူမက ဘာကိုမှမရိပ်မိဘူးထင်နေသည်လား။

MY UNIVERSE  (Zhanyi)Tempat cerita menjadi hidup. Temukan sekarang