Ep - 17

4K 444 123
                                    

(Unicode)

ရှောင်းကျန့်က ဧည့်ခန်းမှာလက်ပိုက်ကာထိုင်လို့ ရိပေါ်နဲ့ အားယွမ်က ကြမ်းပြင်မှာ ဒူးလေးတွေထောက်လို့ မျက်နှာငယ်လေးတွေနဲ့ထိုင်နေရသည်။

အကြောင်းအရင်းကတော့ ရှောင်းအိမ်တော်ရဲ့ သီးသန့် ခြံထဲက လိမ္မော်သီးတွေ ပန်းသီးတွေ မက်မွန်သီးတွေကို ခ်ိုးစားတဲ့အပြင် ကြွက်ကိုက် ရှဥ့်ကိုက်ထားသလို ဟိုတစ်ကိုက် ဒီတစ်ကိုက်နဲ့ လွှင့်ပစ်ခဲ့လို့ဖြစ်သည်။ အကြီးမားဆုံးအပြစ်ကတော့ မြွေတွေ့လို့ဆိုပြီး ပန်းအိုးတွေကို တစ်လုံးပြီးတစ်လုံး ရိုက်ခွဲခဲ့တာလည်းပါသည်။

ဗိုလ်ချုပ်ပေမယ့် ရှောင်းကျန့်က ပန်းစိုက်ရတာ ဝါသနာပါသည်။ အနှစ်နှစ်အလလ ပြုစုယုရခဲ့တဲ့ပန်းလေးတွေကလေ ရိပေါ်လက်ချက်ကြောင့် အတုံးအရုံးလဲပြိုလို့။

" ပြောစမ်း ခြံထဲကို ဘယ်သူဦးဆောင် ခေါ်သွားတာလဲ ... အားယွမ် မင်းမလား "

တကယ်ဆ်ို အကြီးဖြစ်တဲ့ ရိပေါ်ကို ဆူရမှာပေမယ့် အားယွမ်လေးကိုပဲ အပြစ်ဖို့မိသည်။ အားယွမ်သာမပြောပြရင် ရိပေါ်က ဘယ်လိုသိမလဲ။ တကယ်ပဲ ဆော့နိုင်လွန်းသည်။

အသံကျယ်ကျယ်နဲ့ ဟိန်းဟောက်လိုက်တော့ အားယွမ်က တုန်သွားပြီး ရိပေါ်လက်မောင်းကို အားကိုးတကြီးဖက်တွယ်၏။

ရှောင်းမာမားနဲ့ အားယွမ်အမေကတော့ ပွဲကြည့်ပရိတ်သတ်သာသာပါပင်။ ရှောင်းကျန့်က တစ်ယောက်ယောက်ကိုဆုံးမနေတဲ့ အချိန် သူမတို့ ဝင်စွက်ဖက်လို့မရ။

" ကျွန်တော်သွားချင်လို့ ပို့ခိုင်းတာပါ ကလေးကို သိပ်မဆူပါနဲ့ ။ အားယွမ်လေးမကြောက်နဲ့နော် ပေါ်ကောရှိတယ် "

နှုတ်ခမ်းတစ်ထော်ထော်နဲ့ ပက်ခနဲ ပက်ခနဲပြန်ပြောခံရတာကြောင့် ရှောင်းကျန့်မှာ အတော်လေး အောင့်သက်သက်နိုင်သည်။ သူ့ကိုပြန်ပြောရဲတဲ့သူဆိုတာ ဝမ်ရိပေါ်ကလွဲရင် တခြားသူမရှိဘူးလေ။

ပြီးတော့ တစ်အိမ်လုံးရှေ့မှာ အာဏာပြနေပါတယ်ဆိုမှ ဒီကောင်လေးက တကယ့်ကို မခန့်တရန့်။

" ဝမ် ရိ ပေါ် "

" ဘာလဲ ဝမ်ရိပေါ်လို့ ခေါ်တာ မကြိုက်ပါဘူးဆို ခေါ်ပြန်ပြီ "

MY UNIVERSE  (Zhanyi)Opowieści tętniące życiem. Odkryj je teraz