(Unicode)
ရိပေါ်ကတော့ ရှောင်းကျန့်ကို မမှတ်မိဘူးဆိုပြီး တဖန်ပြန်အိပ်ပျော်သွားတော့သည်။
ရှောင်းကျန့်က ရိပေါ်ကို ဖိအားမပေးလို၍ အတင်းအကျပ်ကြီးတော့ မမေးလိုက်။ စိတ်အေးလက်အေး အိပ်ပျော်နေတဲ့ ရိပေါ်ကိုကြည့်ပြီး ရှောင်းကျန့်မှာတော့ ယုံကြုံးမရဖြစ်ရင်း တစ်ညလုံး အိပ်မပျော်နိုင်ဖြစ်ခဲ့ရသည်။
မနက်ရောက်တော့ ရိချင်းနဲ့ ဝန်ကြီးဝမ်တို့က စောစောစီးစီး ဆေးရုံကိုရောက်လာကြ၏။
မနေ့ညက ရိပေါ်သတိရလာကြောင်းနှင့် သူ့ကိုမမှတ်မိကြောင်းပြောရင်း ရှောင်းကျန့်က အတော်လေးစိတ်မကောင်းဖြစ်နေလေသည်။
အနှေးနှင့်အမြန် သတိရလာအောင် အတူတူကြိုးစားကြမယ်ဆ်ိုပြီး ရိချင်းက ရှောင်းကျန့်ကို နှစ်သိမ့်၏။
မနက်ရှစ်နာရီလောက်မှာ ရိပေါ်က အိပ်ယာနိုးလာသည်။
" ရှောင်ဝမ် .... ရှောင်ဝမ်လေးနိုးပြီလား "
ရိချင်းက ရိပေါ်ကို ဆွဲထူပေမယ့် ရှောင်းကျန့်ကတော့ ရိချင်းဘေးမှာရပ်နေ၏။
" ကျဲကျဲ "
" အင်း... ကျဲကျဲလေ ရှောင်ဝမ် ကျဲကျဲကို မှတ်မိလား "
" ကိုယ့်အစ်မကို မမှတ်မိစရာလား။ ကျဲကျဲကလည်း "
ထိုအခါ ရိချင်းက ရှောင်းကျန့်ကို လှမ်းကြည့်၏။ ရှောင်းကျန့်က သူအဆင်ပြေပါတယ်ဆိုတဲ့သဘောနဲ့ ရိချင်းကို ပြူံးပြသည် ။
ရိပေါ်က အနည်းငယ်ရယ်မောရင်းပြောနေတုန်း ဝန်ကြီးဝမ်ကလည်း ခုနက အပြင်ကိုထွက်သွားရာမှ လူးဝစ်ယန်နဲ့အတူ အခန်းထဲပြန်ဝင်လာလေသည်။
" ရိပေါ် ... သားလေး သတိရလာပြီလား။ ခေါင်းကိုက်တာ ဘာညာရှိသေးလား "
" ခေါင်းတော့မကိုက်တော့ဘူး ပါပါး "
" ရိပေါ် ကိုယ့်ကိုရောမှတ်မိလား "
လူးဝစ်ယန်ကဝင်မေး၏။
" ကိုယ့်ယောက်ဖကိုယ်မှတ်မိတာပေါ့ "
" ဟူး တော်ပါသေးတယ် "
လူးဝစ်ယန်ကိုပါမှတ်မိနေတယ်ဆိုတာကြောင့် ရှောင်းကျန့်က မျက်နှာတော့ပျက်သွားသည်။
ESTÁS LEYENDO
MY UNIVERSE (Zhanyi)