(Unicode)
အိပ်ရေးဝလို့နိုးလာတော့ သောက်ထားတဲ့အရှိန်ကြောင့် ခေါင်းနည်းနည်းကိုက်နေသည်။ နားထင်ကိုဖိလို့ ကုတင်ပေါ်ကဆင်းလိုက်တော့ ဘေးက ထိုင်ခုံမှာ မိန့်မိန့်ကြီးထိုင်လို့ စာအုပ်ဖတ်နေတဲ့ရှောင်းကျန့်ကြောင့် လန့်သွားရသေး၏။
" ဗိုလ်ချုပ်ရှောင်းက ဘာလို့ ကျွန်တော့်အခန်းထဲရောက်နေတာလဲ "
ရိပေါ် နောက်ဆုံးမှတ်မိလိုက်တာက အရမ်းအိပ်ချင်လို့ အိပ်ပျော်သွားတာဖြစ်သည်။ ဟောက်ရွှမ်းကသူ့ကိုနှိုးတဲ့အထိကိုသိလိုက်သေးတယ် နောက်ပိုင်းမသိတော့။
စာအုပ်ကိုစားပွဲပေါ်ချလို့ မျက်လုံးကိုလှန်ကြည့်လာတာ မင်းအမှားလုပ်ထားတယ်ဆိုတဲ့ အကြည့်မျိုး။
" သောက်ထားတယ်မလား။ ပျားသံပုရာရေသောက်လိုက်ဦး "
ကုတင်ဘေးက စားပွဲခုံပေါ်မှာ ဘယ်အချိန်ကတည်းက တင်ထားမှန်းမသိတဲ့ ပျားသံပုရာရည်ခွက်က အဆင်သင့်။
ခေါင်းကလည်း အုံတုံတုံနဲ့မို့ မဆိုင်းမတွယူသောက်လိုက်တယ်။လူက ပျားသံပုရာရည်သောက်လိုက်မှပဲ နေသာထိုင်သာရှိသွားသည်။
" ဘာလို့ရောက်နေတာလဲ ကျွန်တော့်အခန်းထဲ "
ခုနက မေးခွန်းကိုမဖြေပဲ ရှောင်ထွက်သွားတာ ဗိုလ်ချုပ်ရှောင်းကို မကျေနပ်ပါ။
" မင်းကိုထိန်းဖို့လေ "
" ဘယ်သူက ခင်ဗျားကို ထိန်းခိုင်းတာလဲ။ "
အိမ်ပေါ်ထိတက်လာပြီး မင်းကိုထိန်းဖို့လေဆိုတော့ ဗိုလ်ချုပ်ရှောင်းလာ လာနောက်နေသလားတောင်ထင်မိသည်။
" မင်းအဖေ "
ကုလားထိုင်ပေါ်ခြေချိတ်ထိုင်လို့ ကော်ဖီ တစ်ငုံ ငုံလိုက်ပြီး ရိပေါ်အမေးကိုဖြေရသည်။ နေ့လည်က လာလည်ပေမယ့် ရိပေါ်ကို ထိန်းဖို့ရာအထိဖြစ်သွားတာတော့ ကံတရားပေါ့။
ဝန်ကြီးဝမ်မသိအောင် ဝမ်ရိပေါ်က အရက်တွေခိုးသောက်နေပါတယ်လို့တိုင်လိုက်တာဖြစ်သည်။သူ့သား အသက်ပြည့်ပြီးသားမှန်းလည်း ဝန်ကြီးဝမ် သိသည်။
BINABASA MO ANG
MY UNIVERSE (Zhanyi)