(Unicode)
ရှောင်းကျန့်က ဝမ်အိမ်တော်ကိုမလာသည်မှာ တစ်ပတ်ခန့်ရှိလေပြီ။
ကျဲကျဲရော ဖွာဖွားရောကပါမေးတာကြောင့် " ကိုကိုက တပ်ထဲမှာကိစ္စလေးတွေရှိနေလို့မအားလ်ို့မလာတာ "လို့ပဲ ရိပေါ်က ဖာထေးလို့ဖြေထားလိုက်သည်။
ဟိုနေ့က လမ်းခွဲမယ်ပြောတဲ့ကိစ္စကို ရှောင်းကျန့်အနေနဲ့ အတော်လေးစဥ်းစားနေတဲ့ပုံပါပဲ။ရှောင်းကျန့်က နည်းနည်းလေး ပြန်ပြီးစိတ်ဆိုးသွားသလားတော့မသိပေ။ ရိပေါ်လည်း စကားတွေလွန်တုန်းက လွန်ထားပြီးမှ သွားချော့ဖို့ရာ ခက်ခဲနေသည်။
နောက်နေ့မှပဲ သွားချော့တော့မယ်ဆိုပြီး ဒီနေ့တော့ လူးဝစ်ယန်နဲ့ ဆိုင်ကယ်စီးဖို့ ချိန်းထားလိုက်သည်။
ရိချင်းလည်း ဒီနေ့ ဖွားဖွားက သွေးတိုးနေလို့ အနီးကပ်ပြုစုမယ်ဆိုပြီး ဆေးရုံကနေ ခွင့်ယူထားတာဖြစ်သည်။ သူမရဲ့ မောင် အမူအရာပျက်နေတာကိုတော့ နည်းနည်း သတိထားမိနေ၏။ နှစ်ယောက်သား ရန်ဖြစ်ထားတာလားတော့မသိပေမယ့် ချစ်သူတွေကြားက ခပ်သေးသေးကိစ္စလေးတွေကိုတော့ သူမ ဝင်မပါချင်။ အမြင်မတော်ရင်တော့ ဆုံးမဖို့ကတော့သူမရဲ့ တာဝန်သာဖြစ်သည်။
" ကျဲကျဲ ကျွန်တော် အစ်ကိုလူးဝစ်နဲ့ ဆိုင်ကယ်သွားစီးမလို့ "
" ဒီနေ့ ရာသီဥတုမကောင်းဘူး ... ဖြေးဖြေးစီးကြဦး "
" စိတ်မပူနဲ့ နော် ရိချင်း၊ ကိုယ်တစ်ယောက်လုံးပါတယ် "
လူးဝစ်ယန်က မျက်လုံးမှိတ်ပြသဖြင့် ရိချင်းက လက်သီးဆုပ်ထောင်ပြလိုက်သည်။
ထို့နောက် ရိပေါ်ကလူးဝစ်ယန်နဲ့ ဆိုင်ကယ်စီးဖို့ဆိုပြီးထွက်သွားလေသည်။
ခုတလော စိတ်ဆင်းရဲနေပုံရတဲ့ မောင်လေးကိုသူစိတ်ပျော်ရာ လုပ်ပါစေဆိုပြီး လွှတ်ထားလိုက်တာပေမယ့် ဒီနေ့ သူမရဲ့ ခံစားချက်တွေမကောင်း။
ရင်ဘတ်ထဲမှာ ဂဲ ဆွဲထားသလိုမျိုးကြီးလေးလံနေပေမယ့် မသွားပါနဲ့လို့တော့ မတားဖြစ်လိုက်ဘူး။ လူးဝစ်ယန်တစ်ယောက်လုံးပါနေတော့ သူမလည်း စိတ်ချလိုက်သည်။
YOU ARE READING
MY UNIVERSE (Zhanyi)