(Unicode)
"ရိပေါ်က တကယ်ကြီး အင်္ဂလန်ကိုသွားမှာလား "
ရည်းစားဖြစ်တာမှ တစ်ရက်ရှိသေးပေမယ့် ရှောင်းကျန့်က ရိပေါ်ကို တကယ်ရစ်သည်။ နောက်အကြာကြီး စီစဥ်ရမယ့် ကိစ္စကို တတွတ်တွတ်နဲ့ မေးနေတာ ရှောင်းကျန့်ရဲ့ ပါးစပ်ကို အပ်နဲ့ ချုပ်ပစ်လိုက်ချင်စိတ်တောင်ပေါက်လာသည်။
မနေ့ညကတည်းကဆက်တ်ိုက်မေးနေတာ ခုထိဆို အခါနှစ်ဆယ်ရှိပြီ။
" ပါပါးနဲ့ တိုင်ပင်ဦးမယ်လို့။ "
မေးလိုက်တိုင်းလည်း ဒီအဖြေပဲထွက်တာကြောင့် ရှောင်းကျန့် တကယ်ဝမ်းနည်းသည်။ သူဖြစ်စေချင်တာက မသွားစေချင်တာဖြစ်သည်။
ပေကျင်းတက္ကသိုလ်သွားတက်ရင်ရတာကို ဘာလို့ အဝေးကြီးထိသွားနေဦးမည်လဲ။
ရိပေါ် အင်္ဂလန်မသွားခင်ကတည်းက ကြိုပြီးရင်ဆို့နေရတဲ့ ရှောင်းကျန့်က ဒီကာလကြားမှာ ရိပေါ်ကို တွေ့နေရတာတောင်မှ လွမ်းနာကျနေလိမ့်မည်။
" အဲ့လောက်သွားချင်လည်း သွားကွာ "
ရိပေါ်ကိုနောက်ကနေ သိုင်းဖက်ထားရာကနေ စိတ်ကောက်ကာ လက်ကြီးပိုက်ပြီး ကျောပေးလို့ အိပ်သွားပြီဖြစ်တဲ့ ရှောင်းကျန့်က မျက်ခုံးကြီးတွန့်ပြီးနှုတ်ခမ်းပါထော်လို့။
ရှောင်းကျန့်ဘက်ကိုတိုးလို့ ခေါင်းလေးအသာထောင်ကြည့်ပြီး ရှောင်းကျန့်ကို နောက်က ဖက်လိုက်တော့လာမဖက်နဲ့ဆိုတဲ့ သဘောနဲ့ တံတောင်နဲ့တွန်းလွှတ်နေလေသည်။
ဗိုလ်ချုပ်ရှောင်းက ဒါမျိုးစိတ်ကောက်တတ်သေးတာလား ?
" ရှောင်းကျန့်ရာ ကျွန်တော်က သွားမှမသွားရသေးတာ။ ဘာမှမစီစဥ်ရသေးဘူးလေ "
" ဒါပေမယ့်လည်း ရိပေါ်ကသေချာပေါက်သွားမှာလေကွာ..... ကိုယ်က ... ဟာကွာ မသိတော့ဘူး "
ရှောင်းကျန့်က မျက်လုံးကို အတင်းမှိတ်လို့ မရရအောင် အိပ်နေလိုက်တော့သည်။ အိပ်ယာနိုးတာနဲ့ အချိန်တွေက သုံးနှစ်လောက်ကုန်သွားရင် သိပ်ကောင်းမှာပဲ။
ရှောင်းကျန့်ရဲ့ ဂုတ်ပိုးကို မထိတထိနမ်းလို့ ချော့နေပေမယ့် တစ်စက်ကလေးမှကို လှည့်မကြည့်သလို အင်းလည်း မဟုတ် အဲလည်းမလုပ်။ ရှောင်းကျန့်က တကယ်ကြီး စိတ်ဆ်ိုးနေလေသည်။
KAMU SEDANG MEMBACA
MY UNIVERSE (Zhanyi)