Ep - 21

3.9K 378 53
                                    

(Unicode)

မိသားစုနဲ့တိုင်ပင်ပြီးတဲ့နောက်မှာ ရိပေါ်က အင်္ဂလန်ကိုသွားဖို့ရာ ဆုံးဖြတ်လိုက်သည်။ ရှောင်းကျန့်လည်း ရိပေါ်ဘဝ ပိုကောင်းဖို့အရေးမို့ မတားဖြစ်ခဲ့။

အချိန်တွေက တဖြည်းဖြည်းနဲ့ကုန်လွန်လာတာ နှစ်ကူးလို့ နွေလယ်တောင်ရောက်ပြီဖြစ်သည်။

မေလသည် ကပေကျင်းမှာ အပူဆုံးလလို့ပြောရလောက်အောင် နေက ကျစ်ကျစ်တောက်ပူ၏။

မနက်ဖြန်ဆို ရိပေါ်က အင်္ဂလန်ကိုသွားရမယ့်ရက်ရောက်လာပြီမို့ အထုပ်အပိုးတွေကအစ လိုတာအကုန်ပြင်ထားပြီးဖြစ်သည်။

ရိပေါ် ဟ်ိုမှာနေဖို့ အတွက် လွန်ခဲ့တဲ့သုံးလလောက်ကတည်းက အင်္ဂလန်မှာရှိတဲ့ မိတ်ဆွေတွေကို အကြောင်းကြားပြီး အဆင်သင့်လုပ်ခိုင်းပြီးသားဖြစ်သည်။

ဆေးကျောင်းတက်စဥ်က ခြောက်နှစ်လုံးလုံးနေခဲ့တဲ့ ရိချင်းရဲ့ အိမ်လေးလည်းရှိတာကြောင့် နေဖို့ထိုင်ဖို့ရာက အခက်အခဲမရှိလှ။

ခက်နေတာက ရှောင်းကျန့်ပင်ဖြစ်သည်။ မေလတစ်လလုံး ရိပေါ်အနားမှာပဲရှိနေပြီး တပ်ထဲကိုတောင်မသွားတော့ပေ။

ရိပေါ်ကို အဖော်ပြုချင်လို့ တပ်ထဲကနေ အချိန်အကန့်အသတ်မရှိခွင့်ယူထားပါသည်တဲ့။

လွန်ခဲ့တဲ့ခြောက်လရှောင်း မာမားနဲ့ အဆင်မပြေဖြစ်ပြီးကတည်းက ရှောင်းကျန့်က ရှောင်းအိမ်တော်ကိုလုံးဝမပြန်တော့ပဲ ဝမ်အိမ်တော်မှာလာနေလိုက် တပ်ထဲမှာနေလိုက်နဲ့သာ သောင်တင်နေလေသည်။

မိဘကို မရွဲ့ရဘူးလို့ ဖျောင်းဖြပေးမယ့် နားမပေါက်တဲ့ရှောင်းကျန့်က ဘယ်လိုမှကိုပြောမရတာကြောင့် ရိပေါ်လည်းလက်လျှော့ထားလိုက်တာဖြစ်သည်။

ခြောက်လအတွင်းမှာ လူးဝစ်ယန်ဆိုသည်မှာလည်း ဝမ်အိမ်တော်ကို ချောင်းပေါက်အောင်လာ၏။

ရိချင်းက မျက်နှာသာမပေးလို့သာ မျက်နှာသာများပေးလိုက်ရင်တော့ ဝမ်အိမ်ပေါ်မှာပဲ တက်နေ့မည့်သဘောမှာရှိသည်။

အရင်က ဘားနဲ့ ဆောင်ကြာမြိုင်ကူးနေတဲ့ ကောင်က ခုတော့ ခြေလှမ်းတွေငြိမ်လို့ပါလားဆိုပြီး ရှောင်းကျန့်ကတောင် လှောင်ရယ်လိုက်သေး၏။

MY UNIVERSE  (Zhanyi)Opowieści tętniące życiem. Odkryj je teraz