(Unicode)
ဟောက်ရွှမ်းက သူ့အစ်ကိုနဲ့ ဟောင်ကောင်ကိုလိုက်သွားသည်။ ရှင်းရှင်းကလည်း အချုပ်အလုပ်သင်နေပါတယ်ဆိုတော့ ရိပေါ်ဆီလာလည်တဲ့ သူငယ်ချင်းတွေတစ်ယောက်မှမရှိ။ ဖတ်နေကျ ကာတွန်းစာအုပ်တွေ ဝတ္ထုစာအုပ်တွေလည်း အထပ်ထပ်ဖတ်နေရလို့ လှည့်မကြည့်ချင်တော့ဘူးဖြစ်နေသည်။
တက္ကသိုလ်မတက်ခင် စပ်ကြားမှာ ဘာအလုပ်မှမရှိပဲ ပျင်းလို့သေရပါတော့မည်။ လောကကြီးမှာ စိတ်ဝင်စားစရာလေးဘာလေးများမရှိတော့ဘူးလား။
ရှောင်းကျန့်ကလည်း ညအိပ်ချိန်လောက်ကလွဲရင် ရိပေါ်ကို အဖော် မလုပ်ပေ။ စားပွဲပေါ်မှာစာအုပ်ပေါင်းများစွာကိုချလို့ တစ်အုပ်ပြီးတစ်အုပ်ဖတ်နေတာ စာအုပ်နဲ့ညားနေပြီလားလို့တောင်ထင်ရသည်။
စာအုပ်ဖတ်တိုင်း မျက်မှန်လေးထောင့်ကိုတပ်ထားလေ့ရှိတဲ့ ရှောင်းကျန့်က မျက်မှန်နဲ့ အတော်ကိုကြည့်ကောင်းသည်။
မျက်ခုံးကို စုလိုက်ကျုံ့လိုက် စာရွက်ကို တစ်ရွက်ပြီး တစ်ရွက်လှန်လိုက်နဲ့ စာအုပ်ထဲမှာပဲ အာရုံနစ်နေတဲ့ ရှောင်းကျန့်က ရိပေါ် ဘယ်လောက်တောင်ပျင်းနေလဲဆိုတာကို သတိထားမိပုံမရပေ။ နေ့တိုင်း အိပ်လိုက်စားလိုက်နဲ့ ကြာတော့ အိပ်ရစားရမှာက်ိုတောင် ပျင်းလာတဲ့အထိကို ပျင်းသည်။
ကုတင်ပေါ်မှာ လူးလှိမ့်လို့ ကားယားကြီးနဲ့ သက်ပြင်းတွေပဲ အလှိမ့်လှိမ့်ချနေမိ၏။ တကယ် ဘာလုပ်ရင်ကောင်းမလဲပဲ စဥ်းစားနေမိတာ သက်ပြင်းချရင်း အသက်တိုတော့မည်ထင်သည် ။
" ရှောင်းကျန့် "
ကုတင်ပေါ်ကို ဝမ်းလျားမှောက်လို့ လက်လေးနှစ်ဖက်ထောက်လို့ မေးတင်ပြီး ရှောင်းကျန့်ကိုကြည့်ရင်း ခေါ်လိုက်သည်။ ခြေထောက်နှစ်ဖက်ကလည်း အငြိမ်မနေပဲ ဟိုယိမ်းဒီယိမ်းနှင့်။
" အင်း "
စာအုပ်ကိုပဲအာရုံရနေတဲ့ ရှောင်းကျန့်က ရိပေါ်ဘက်ကို တစ်ချက်လေးတောင် ငဲ့ကြည့်မလာပေ။
" ကျွန်တော်ပျင်းတယ် "
" အင်း ပျင်းရင်စာအုပ်ဖတ် .. ကိုယ်ဖတ်ပြီးတဲ့စာအုပ်တစ်အုပ်ရှိတယ် ဖတ်မလား "
BINABASA MO ANG
MY UNIVERSE (Zhanyi)