(Unicode)
မိန်ဟွားကို ကန်ထုတ်ပြီးတဲ့အချ်ိိန်ကစလို့ ရှောင်းကျန့်လည်း သမ္မတကပေးတဲ့ မစ်ရှင်တွေကို အကုန်ထမ်းဆောင်ခဲ့သည်။
ဗိုလ်ချုပ်တစ်ယောက်ဆိုပေမယ့် ရှောင်းကျန့်ရဲ့ အထူးတပ်ရင်းဟာ သမ္မတရဲ့ခွင့်ပြုချက်နဲ့ လိုင်းပူးလို့ ရဲတွေနဲ့ပူးပေါင်းပြီး နယ်စပ်ကို ပုန်ကန်မှုကိစ္စတွေ ၊ လူကုန်ကူးမှုတွေ လက်နက်အရောင်းအဝယ်တွေ ၊ မူးယစ်ဆေးဝါးအမှုတွေကို လိုက်လံတိုက်ဖျက်နိုင်ခဲ့၏။
အချိန်သုံးနှစ်။ အချိန်သုံးနှစ်ကို လက်ချိုးရေတွက်လို့ စောင့်နေရတာဟာ ရှောင်းကျန့်အတွက်က ရူးတော့မလိုပင်။
ဒါကြောင့်ပဲ ရှောင်းကျန့်ဟာ မစ်ရှင် တစ်မျိုးပြီးတစ်မျိုးထမ်းဆောင်ရင်း သေလုမျောပါးအခြေအနေထိပါကြုံတွေ့ရသေးသည်။
အချိန်တွေရော မစ်ရှင်တွေရော တော်တော်များများ ကျော်ဖြတ်ပြီးတဲ့နောက် ရှောင်းကျန့်ရဲ့ ပခုံးထက်မှာကြယ်ငါးပွင့်က တန်းစီလို့။
ဗိုလ်ချုပ်ရှောင်းကနေ ယခုတော့ ဗိုလ်ချုပ်ကြီးရှောင်း။
အချိန်တွေတရွေ့ရွေ့ကုန်လွန်လာလို့ အသည်းအသက်ကလေးဘွဲ့ရဖို့ကလည်း တစ်လပဲလိုပါတော့သည် ။
အသည်းအသက်ကလေး ပြည်တော်ပြန်ရောက်ဖို့ နောက်လေးငါးလလောက်စောင့်ပြီးလို့ အသက် 30 ပြည့်တဲ့အခါ ရှောင်းကျန့်ဟာ ဗိုလ်ချုပ်ကြီးဘဝကနေ အနားယူဖို့ စဥ်းစားပြီးသားဖြစ်သည်။
အခုနှစ်အတွင်းမှာ မိန်ဟွားဆိုတဲ့မိန်းမကိုတောင် ရှောင်းကျန့်က မေ့လုလု။
ရှောင်းအိမ်တော်ကို ခဏခဏလာတယ်လို့တော့ သတင်းကြားသား။ သူမရဲ့ ဆွဲဆောင်မှုနဲ့ မာမားတောင် လောင်းကစားလုပ်တတ်နေပြီဆိုလား။
ဒီသတင်းတွေက နားနဲ့မဆံ့အောင်ကိုကြားနေရလို့ ဗိုလ်ချုပ်ကြီးဘဝက အနားယူပြီးတာနဲ့ အိမ်ကိုပြန်ပြီးဂရုစိုက်လို့ ရှောင်းကျန့်က ရိပေါ်နဲ့အတူ စီးပွားရေးလုပ်ဖို့ ပလန်ချထားပြီးသား။
လောလောဆယ် ရှောင်းအိမ်တော်ရဲ့စည်းစိမ်တွေကတော့ မားမားသုံးချင်တိုင်းသုံး ဖြုန်းချင်တိုင်းဖြုန်း။
YOU ARE READING
MY UNIVERSE (Zhanyi)