(Unicode)
ဟော့ပေါ့စားတဲ့အချိန် ထမင်းစားပွဲမှာ စကားအများဆုံးလ်ို့ပြောလို့ရတာက ရှောင်းကျန့်ပဲဖြစ်သည်။
"ဟိုဟာလေးထည့်စားပါလား၊ ဒီဟာရောစားလေ ကြိုက်တယ်မလား၊ " စသဖြင့်ပြောရင်း လက်ကလည်း အသီးအရွက်တွေနဲ့ အသားတွေကို ရိပေါ်ပန်းကန်ထဲထည့်ပေးနေပြန်သည်။
ထမင်းစားဝိုင်းမှာ ရှောင်းကျန့်ရဲ့ မရီးရယ် ရှောင်းမာမားရယ် အားယွမ်ရယ်က အပိုလူတွေကိုဖြစ်လို့။
ကိုယ့်ဘာကိုယ်စားနေတာအကောင်း ဘေးကနေ တတွတ်တွတ်ပြောရင်း ပန်းကန်ထဲကို စုံပလုံစိနေအောင်ထည့်ပေးနေတဲ့ရှောင်းကျန့်ကြောင့် ရိပေါ်လည်း အာရုံနောက်လာရသည်။
ခါတိုင်းက ဒီလိုမဟုတ်ပါဘူး ဘယ်နှယ့် ဒီနေ့မှ သူများ အမြင်ကတ်အောင်လို့ အပိုတွေလာလုပ်ပြနေသည်လဲ။ ဘေးလူတွေဆို ဘယ်လောက် အမြင်စောင်းနေလိုက်မလဲဲ ။
ရှောင်းမာမားတို့ကို တစ်ချက်ကြည့်လိုက်တော့ အေးဆေးစားနေပေမယ့် ရိပေါ် မနေတတ်မထိုင်တတ်တော့ပေ။ ဟော့ပေါ့စားချင်တယ်လို့ပြောမိတဲ့ ကိုယ့်ပါးစပ်ကိုပဲ ပိတ်ရိုက်ချင်လာသလိုလို။
" ရိပေါ် ဒီဖက်ထုပ်ပေါင်းလေးလည်းစားကြည့် မာမားလက်ရာ "
" ကဲ .... သားရယ် ရှောင်ပေါ် အနေရခက်နေပြီထင်တယ်။ ကိုယ့်ကလေးကိုလည်း ကြည့်ဦး "
ရှောင်းမာမားဟာ ရိပေါ်ကို ရှောင်ပေါ်လို့ခေါ်သည်။
မစားချင်စားချင်နဲ့ ပါးစပ်ထဲအတင်းသွတ်နေတဲ့ ရိပေါ်ကို ရှောင်းမာမားက မေးငေါ့ပြလိုက်၏။ သူမလည်း သူမရဲ့သားဖြစ်သူကို တကယ်ပဲ မျက်စိနောက်နေပါပြီ။
"ထမင်းစားဝိုင်းမှာ စကားပြောတာမကြိုက်ဘူး " လို့ ကိုယ်တိုင် အမိန့်ထုတ်ထားတဲ့ သားတော်မောင်ကလေ တပ်ထဲမှာ ထမင်းစားရင်းစကားပြောရင် အကြိမ်တစ်ရာ ဒိုက်ထိုးခိုင်းတဲ့ ဗိုလ်ချုပ်ရှောင်းကလေ ဝမ်ရိပေါ်နဲ့ကျတော့ ကရားရေလွှတ်သလို တရစပ်ပြောနေပါသည်တဲ့။
အပမှီလာတာမှမဟုတ်ရင် ဟိုလ မစ်ရှင်တုန်းက ဒဏ်ရာရခဲ့တာ ခေါင်းများထိသွားတာလားပဲ။
KAMU SEDANG MEMBACA
MY UNIVERSE (Zhanyi)