(Unicode)
" တစ်ပတ်စာ အထုပ်ပြင်ခဲ့။မင်းအဖေမရှိတုန်း ကိုယ့်အိမ်မှာပြောင်းနေရမယ်။ "
ထမင်းစားရင်း ရှောင်းကျန့်ဟာ ရုပ်တည်ကြီးနဲ့ အမိန့်ပေးလာသည်။ အကြောင်းပြချက်ရယ်လို့ မည်မည်ရရမရှိပဲ သူများအိမ်မှာသွားနေဖို့ဆိုတာက အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်လို့ပဲ ရိပေါ်ထင်သည်။
တကယ်ဆို ဗိုလ်ချုပ်ရှောင်းနဲ့ သူနဲ့က သွေးသားလည်းမတော်စပ်သလို ဘာမှဆိုင်တာမဟုတ်။ ပါပါးက ရိပေါ်ကို ထိန်းဖို့ အပ်သွားတယ်ပဲထား သူများအိမ်ထိပြောင်းနေရအောင်ကအဆင်မပြေပါ။ သူများအိမ်မှာလာနေပြီး လုပ်ချင်ရာလုပ် အာဏာပြနေတာကိုတော့ ရိပေါ်လည်း သည်းမခံနိုင်ပါ။
" ပါပါးပြောတဲ့ထဲမှာ အိမ်ပြောင်းနေဖို့ပါလာလို့လား "
ခုနကတည်းက ဆတ်နေတဲ့စိတ်ကြောင့် ရှောင်းကျန့်လည်း ရိပေါ်ရဲ့ ကွန်ပလိန်းတွေကိုနားထောင်ဖို့ရာ ကြားပျင်းသည်။
" မေးခွန်းတွေထပ်မမေးရင်ကောင်းမယ်။ ဒါကအမိန့်ပဲ "
" အမိန့်ပေးရအောင် ကျွန်တော်က ခင်ဗျားတပ်သားမဟုတ်ဘူး ။ ဒုန်း "
ထမင်းစားတာကိုရပ်လို့ ရိပေါ်က စားပွဲခုံကို လက်သီးနဲ့ထုလိုက်တော့ ထမင်းပန်းကန်လုံးက မြောက်တက်ပြီး ဟင်းပန်းကန်းလုံးတွေ အချင်းချင်းပွတ်တိုက်သံထွက်လာ၏။ ထမင်းစားဝိုင်းက အခြေအနေမှာ တဖြည်းဖြည်းတင်းမာလာသည်။
" ပြန်ထိုင် ဝမ်ရိပေါ်။ ထမင်းကို ကုန်အောင်စား "
ထမင်းမကုန်သေးပဲထမင်း စားပွဲကနေထွက်သွားဖို့ပြင်တာကြောင့် ရှောင်းကျန့်မှာ ရိပေါ်လက်ကိုဆွဲထားရ၏။ ကိုယ်က ဒေါသထွက်နေပေမယ့် ကိုယ့်ထက်ပိုပြီး ဒေါသထွက်ပြနေတဲ့ ရိပေါ်ကြောင့် စိတ်ကို မနည်းစုစည်းလို့ ချိုးနှိမ်ထားရသည်။
ဗိုလ်ချုပ်သက်တမ်းတစ်လျှောက်မှာ ကိုယ့်ကိုပြန်အာခံရဲတာဆိုလို့ ဝမ်ရိပေါ်ပဲရှိသည်။
ထားပါတော့လေ ကလေးပဲ ခွင့်လွှတ်ပေးလိုက်ပါ့မယ်။
" မစားဘူး။ မစားတော့ဘာဖြစ်ချင်လဲ ခင်ဗျားက "
YOU ARE READING
MY UNIVERSE (Zhanyi)