(Unicode)
ကျင့်သားရနေပြီဖြစ်တာကြောင့် မနက်ခြောက်နာရီဆိုတာနဲ့ ရှောင်းကျန့်ရဲ့ မျက်လုံးတွေကအော်တိုပွင့်လာသည်။ လက်မောင်းကို ခေါင်းအုံးထားပြီး ရင်ခွင်ထဲမှာ အိပ်နေတဲ့ ရိပေါ်က ရှောင်းကျန့်ကို ဖက်လုံးတစ်လုံးလိုခွထားသေး၏။
ညကစောင်လွတ်လို့ ထခြုံပေးရတာ ခဏခဏပါပဲ။ ဝမ်အိမ်တော်ကိုလာပြီး ဝမ်ရိပေါ်ဆိုတဲ့ အရွယ်ရောက်ပြီးသား ကလေးကိုထိန်းနေရသည်။
" အင်း "
အသံသေးသေးလေးနဲ့ ညည်းလို့ ကြောင်ပေါက်လေးလို ရင်ခွင်ထဲကို တိုးဝှေ့လာသည်။ အိမ်မက်မကောင်းဘူးထင်ပါရဲ့ မျက်ခုံးနှစ်ဖက်က အလိုမကျဟန် တွန့်ချိုးလို့။
ရှောင်းကျန့်ဟာ ရိပေါ်ကို အနီးကပ်ကြည့်နေမိသည်။ဝမ်ရိပေါ်က ကြည့်လေချစ်စရာကောင်းလေဖြစ်သည်။ အစိတ်အပိုင်းတစ်ခုချင်းစီကိုက မြတ်နိုးချင်စရာကောင်းနေ၏။ ဆံပင်ထူထူအိအိလေးထဲနှာခေါင်းနှစ်ကြည့်လိုက်တော့ အနံ့ မွှေးမွှေးလေးရသည်။
ပြေပြစ်တဲ့ နှဖူးပြင်ရယ် နှာခေါင်းလုံးလူံးလေးရယ်က မျက်နှာသွယ်သွယ်ပေါ်မှာ အချိုးကျကျတည်ရှိနေသည်။ ဘေးတိုက်ကြည့်ရင်တောင်မြင်နေရတဲ့ ပါးဖောင်းဖောင်းလေးတွေက ရယ်လိုက်ရင် ဖြစ်ညှစ်ချင်စရာကောင်းအောင်ကိုမို့တက်လာသေးသည်။
သုံးခါနမ်းဖူးပြီဖြစ်တဲ့ နှုတ်ခမ်းဖူးဖူးအိအိကတော့ အမြဲချယ်ရီရောင်သမ်းနေဆဲ။
အသားဖြူဖြူအိအိလေးတွေက ဖြစ်ညှစ်လိုက်တာနဲ့ ချက်ချင်း ရဲတက်လာမယ့်ပုံလေး။
ချစ်စရာကောင်းတဲ့အပြင် ခန့်ချောတာကြီးကပါ ကပ်ပါနေတော့ ရှောင်းကျန့် သိပ်တော့အလိုမကျဘူး။
အသက်ကြီးလာလို့ ရင့်ကျက်လာတဲ့အချိန် ဝမ်ရိပေါ်က ချစ်စရာကောင်းတာတွေပျောက်ပြီး အရမ်းခံ့ညားလာတဲ့အခါ လိုချင်တဲ့ ပျိုမဒီတွေတော့ ဝိုင်းဝိုင်းလည်နေတော့မှာပဲ။ အဲ့ဒီအခါကျ ရှောင်းကျန့်ကို အဖက်မလုပ်တော့ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။
ရှောင်းကျန့်က ဘယ်သူနဲ့မှ ဒါမျိုးအနီးကပ်မနေဖူးသလို ဘယ်သူ့ကိုမှလည်း သေချာစိုက်မကြည့်ဖူးတာဖြစ်သည်။
YOU ARE READING
MY UNIVERSE (Zhanyi)