Ep-1(Zawgyi +Uni)

24.1K 859 13
                                    

Zawgyi

"သူသူးရှိန်​!သူသူးရှိန်​!ထွက်​ခဲ့စမ်း!!နင်​ငါ့သားကို ဘာလုပ်​လိုက်​တာလဲ?!"

ကျယ်​၀န်းလှ​သော အိမ်​​တော်​ကြီးရဲ့ခြံ​ရှေ့တွင်​ အမျိုးသမီးတစ်​​ယောက်​က ၆နှစ်​၇နှစ်​အရွယ်​က​လေး​လေးတစ်​​ယောက်​ကို လက်​ဆွဲကာ လာ​အော်​ဟစ်​​နေသည်​။

"ဟဲ့!ထွက်​ခဲ့စမ်း!သူသူးရှိန်​!"

အဆက်​မပြတ်​​အော်​ဟစ်​​သောင်းကျန်း​နေသည်​မို့ ​ဒေါ်နှင်းမူ အိမ်​ထဲမှ လှမ်းကြည့်​လိုက်​​သည်​။
ဘာများဖြစ်​လို့ပါလိမ့်​။

သူမလည်းခြံ​ရှေ့သို့ ထွက်​လာလိုက်​သည်​။

"ဟို...ဒီကညီမဘာများဖြစ်​လို့.."

"ဘာဖြစ်​ရမှာလဲ?ရှင့်​သား ကျမသားကိုကိုက်​လိုက်​တဲ့ ကိစ္စ​ပေါ့!"

မိန်းမကြီးက ထဘီကြီးမကာ​ဒေါနဲ့​မောနဲ့​ပြော​တော့သည်​။က​လေး​ကို ကြည့်​လိုက်​​တော့လည်း ငိုမဲ့မဲ့​လေးနဲ့။

"ရှင်​!ရှိန်​​လေးက.."

"ဟုတ်တယ်တော်ရုံဆိုကျမလာမပြောပါဘူး..အခုဟာက.ကျမသားရဲ့ငယ်​ပါ​လေးကို ကိုက်​လိုက်​တာ!​"

"ရှင်​!"

"​သေသွားရင်​ ဘယ်​နှယ့်​လုပ်​မလဲ?!"

"ဟုတ်​ရဲ့လားရှင်​..ရှိန်​​လေးကအဲ့လိုသူတစ်​ပါးကိုနာကျင်​​အောင်​ မလုပ်​တတ်​တဲ့က​လေးပါရှင်​..."

"ကျမက လိမ်​​နေတယ်​လို့ရှင်​ကထင်​တာလား?မယုံရင်​ဒီမှာကြည့်​!"

ထိုအမျိုးသမီးက သူ့က​လေးရဲ့​ဘောင်းဘီကို ချွတ်​ပြ​သောအခါ..
မြင်​လိုက်​ရတာက က​လေး​လေးရဲ့ငယ်​ပါ​လေးကိုပတ်​တီး​လေးဖြင့်
စည်းထားသည်​။

"အစ်မ ​တောင်းပန်​ပါတယ်​ညီမရယ်​"

"အို...​တောင်းပန်​တာမလိုချင်​ဘူး ရှင့်​သားကို​ခေါ်​ပေး အခု!"

"ဟုတ်​ပါပြီ..စိတ်​​အေး​အေးထား..အစ်​မ​ခေါ်​ပေးပါ့မယ်​"

"..."

"ရှိန်​..ရှိန်​​ရေ.."

ဒေါ်နှင်းမူ ​ခေါ်လိုက်​​တော့ သားဖြစ်​သူကအိမ်​ထဲမှထွက်​လာသည်​။
စွတ်​ကျယ်​အင်္ကျီအဖြူ​လေးဝတ်​ကာ ​ဘောလုံး​လေးလက်​ကကိုင်​ထားပြီး ခြံ​ရှေ့သို့​ဖြေး​ဖြေးချင်း​လျှောက်​လာသည်​။
၎နှစ်​အရွယ်​ဖြစ်​​ပေမဲ့ ပေါင်​၁၀၀ရှိ​သောဝတုတ်​တုတ်​ခန္ဓာကိုယ်​​လေးရယ်​၊​မွေးရာပါ မျက်​လုံးအားနည်းတာ​ကြောင့်​ ပါဝါမျက်​မှန်​အ​၀ိုင်း​လေးတပ်​ထားရသည်​။

My friend's uncle becomes my husband (Completed) Where stories live. Discover now