Ep-36(Zawgyi+Uni)

5.3K 326 9
                                    

Zawgyi

"စိုင်းရံ က​လေးသတင်းဘာကြား​သေးလဲ?"

ရုံးခန်းထဲ​​ရောက်​လာတဲ့စိုင်းရံအား ​တောက်​ပလင်း​မေလိုက်​​တော့
စိုင်းရံကအသာ​ခေါင်းရမ်းပြသည်​။တောက်​ပလင်း ထိုင်​ခုံ​ပေါ်မှီချ
လိုက်​ကာ မျက်​လုံးကိုတင်းတင်းမှိတ်​ထားမိသည်​။သူခိုင်းသမျှကို
စေ့စပ်​​သေချာစွာလုပ်​နိုင်​တဲ့စိုင်းရံ​တောင်​ မ​တွေ့ဘူးဆို​တော့...။

"အင်းး..သွားလို့ရပြီစိုင်းရံ"

"ဟုတ်​ကဲ့..​မ​တွေ့မချင်းကျွန်​​တော်​တို့ကြိုးစားရှာ​ပေးပါ့မယ်​ boss"

စိုင်းရံအား ​ခေါင်းငြိမ့်​ပြလိုက်​သည်​။

က​လေးသွားတတ်​တဲ့​နေရာ​တွေနဲ့အန်​တီနှင်းတို့​မွေးရပ်​​မြေ​တွေအထိသူကိုယ်​တိုင်​စုံစမ်းကာ လိုက်​ရှာခဲ့​သေးသည်​။သူ့လူ​တွေနဲ့လည်း လွှတ်​ကာ​နေ့စဉ်​မပြတ်​စုံစမ်းခိုင်းသည်​။အရိပ်​အ​ယောင်​မျှမ​တွေ့ရ။အိမ်​မှာအရင်​အလုပ်​လုပ်​ဖူးတဲ့ ​ဒေါ်​လေးမြင့်​စန်း
ကလည်း တရားစခန်းဝင်​​နေ​တော့ ​ရှာရခက်​​နေသည်​။နေရာလည်း
မ​မေးထားလိုက်​ရ​ဘူး။ချစ်​မိုးကလည်းဆုံးသွားပြီ။ချစ်​မိုးဆုံးပြီးချစ်​မိုး
မိသားစုကို​ထောက်​ပံ့​ပေးလိုက်​ရာ တခြားနယ်​​ပြောင်းသွားကြပြီတဲ့။
အစအန​တောင်​ရှာမ​တွေ့။သူတို့​တွေကအနီးကပ်​​နေလာရတဲ့သူ​တွေ
ဆို​တော့ က​လေး​ဆွေမျိုး​​တွေရှိတဲ့​နေရာ​တွေကိုသိကြမှာဘဲ။
က​လေးတို့ကလည်း အသိုင်းအ၀ိုင်းကြီး​တော့ ​ဆွေမျိုး​တွေရှိ​နေတဲ့
နေရာမှာ ရှိ​နေတာလည်းဖြစ်​​နိုင်​တယ်​။

ဟူး...

အပုန်း​ကောင်းလိုက်​တာ က​လေးရယ်​..။
ကိုယ့်​ကိုစိတ်​နာသွားလို့လား?မ​တွေ့ချင်​​တော့လို့လား?
က​လေးအဆင်​​ပြေ​ပြေ​ရောရှိ​နေရဲ့လား?မင်းဘယ်​​နေရာမှာဘဲ
ရှိ​နေရှိ​နေ ကိုယ်​က​တော့ လိုက်​ရှာ​နေမှာ က​လေး။ပြန်​​တွေ့တဲ့အခါ
မင်းကိုအမိအရ ဖမ်းချုပ်​ပစ်​မယ်​။ပြီးရင်​ကိုယ့်​ဘ၀ထဲမှာတစ်​သက်​လုံးပိတ်​​လှောင်​ထားပစ်​မယ်​။

My friend's uncle becomes my husband (Completed) Donde viven las historias. Descúbrelo ahora