Zawgyi
"သူသူးရှိန်!သူသူးရှိန်!ထွက်ခဲ့စမ်း!!နင်ငါ့သားကို ဘာလုပ်လိုက်တာလဲ?!"
ကျယ်ဝန်းလှသော အိမ်တော်ကြီးရဲ့ခြံရှေ့တွင် အမျိုးသမီးတစ်ယောက်က ၆နှစ်၇နှစ်အရွယ်ကလေးလေးတစ်ယောက်ကို လက်ဆွဲကာ လာအော်ဟစ်နေသည်။
"ဟဲ့!ထွက်ခဲ့စမ်း!သူသူးရှိန်!"
အဆက်မပြတ်အော်ဟစ်သောင်းကျန်းနေသည်မို့ ဒေါ်နှင်းမူ အိမ်ထဲမှ လှမ်းကြည့်လိုက်သည်။
ဘာများဖြစ်လို့ပါလိမ့်။သူမလည်းခြံရှေ့သို့ ထွက်လာလိုက်သည်။
"ဟို...ဒီကညီမဘာများဖြစ်လို့.."
"ဘာဖြစ်ရမှာလဲ?ရှင့်သား ကျမသားကိုကိုက်လိုက်တဲ့ ကိစ္စပေါ့!"
မိန်းမကြီးက ထဘီကြီးမကာဒေါနဲ့မောနဲ့ပြောတော့သည်။ကလေးကို ကြည့်လိုက်တော့လည်း ငိုမဲ့မဲ့လေးနဲ့။
"ရှင်!ရှိန်လေးက.."
"ဟုတ်တယ်တော်ရုံဆိုကျမလာမပြောပါဘူး..အခုဟာက.ကျမသားရဲ့ငယ်ပါလေးကို ကိုက်လိုက်တာ!"
"ရှင်!"
"သေသွားရင် ဘယ်နှယ့်လုပ်မလဲ?!"
"ဟုတ်ရဲ့လားရှင်..ရှိန်လေးကအဲ့လိုသူတစ်ပါးကိုနာကျင်အောင် မလုပ်တတ်တဲ့ကလေးပါရှင်..."
"ကျမက လိမ်နေတယ်လို့ရှင်ကထင်တာလား?မယုံရင်ဒီမှာကြည့်!"
ထိုအမျိုးသမီးက သူ့ကလေးရဲ့ဘောင်းဘီကို ချွတ်ပြသောအခါ..
မြင်လိုက်ရတာက ကလေးလေးရဲ့ငယ်ပါလေးကိုပတ်တီးလေးဖြင့်
စည်းထားသည်။"အစ်မ တောင်းပန်ပါတယ်ညီမရယ်"
"အို...တောင်းပန်တာမလိုချင်ဘူး ရှင့်သားကိုခေါ်ပေး အခု!"
"ဟုတ်ပါပြီ..စိတ်အေးအေးထား..အစ်မခေါ်ပေးပါ့မယ်"
"..."
"ရှိန်..ရှိန်ရေ.."
ဒေါ်နှင်းမူ ခေါ်လိုက်တော့ သားဖြစ်သူကအိမ်ထဲမှထွက်လာသည်။
စွတ်ကျယ်အင်္ကျီအဖြူလေးဝတ်ကာ ဘောလုံးလေးလက်ကကိုင်ထားပြီး ခြံရှေ့သို့ဖြေးဖြေးချင်းလျှောက်လာသည်။
၎နှစ်အရွယ်ဖြစ်ပေမဲ့ ပေါင်၁၀၀ရှိသောဝတုတ်တုတ်ခန္ဓာကိုယ်လေးရယ်၊မွေးရာပါ မျက်လုံးအားနည်းတာကြောင့် ပါဝါမျက်မှန်အ၀ိုင်းလေးတပ်ထားရသည်။
ESTÁS LEYENDO
My friend's uncle becomes my husband (Completed)
Romance💜 ချစ်ခြင်းမေတ္တာက ဦးလင်းဖြစ်ကြောင်း 💜 ချစ်ခြင်းမေတာ္တက ဦးလင်းဖြစ်ကြောင်း