Ep-4(Zawgyi+Uni)

6.8K 499 8
                                    

Zawgyi

"ဒီက...၀င့်​ဝါလားခမျ?"

ပန်းခြံကို​ရောက်​​တော့ ​တောက်​ပလင်း ရှိန့်​ကိုလက်​ဆွဲကာ ​ချိန်း​ထားတဲ့ကောင်​မ​လေးအား လိုက်​ရှာရ​တော့သည်​။

"ရှင်​!မဟုတ်​ဘူး"

"အာ..လူမှားသွားလို့ ​ဆောရီး"

တစ်​ခါထပ်​ရှာရပြန်​သည်​။ပန်း​ရောင်​အကျီင်္ဝတ်​ထားတယ်​လို့
ပြောတာဘဲ။ခုထိမ​တွေ့​သေးဘူး။ဒီ​နေ့ကြမှ အတွဲ​တွေကလည်းပန်း​ရောင်​​တွေဝတ်​ထားကြတယ်​။

"ဦးလင်း ဘာလိုက်​ရှာ​နေတာလဲ?"

ရှိန်​ ​ကြောင်​​တောင်​​တောင်​​လေး​မော့ကြည့်​ကာ​မေး​တော့ ဦးလင်းက​ခေါင်းကုပ်​ကာ...

"ဟူး...​ဦးလင်းကောင်​မ​လေးကို.."

"​သြော်​...အာ့ဆို ဦးလင်းရီးစား​ပေါ့"

"အမယ်​..မင်းကသိတယ်​​ပေါ့"

"သိတာ​ပေါ့ ဦးလင်းကdateတယ်​လို့​ပြောလို့ သားကမသိတာ
သားသူငယ်​ချင်း​မှာလည်း​ကောင်​မ​​လေးရှိတယ်​ သူဆို၃​ယောက်​​တောင်​ရှိပြီ"

"​ဟေ!ဟား..ငါ့ထက်​သာသွားပြီ မင်းသူငယ်​ချင်းက"

ခု​ခေတ်​က​လေး​တွေများ မလွယ်​ပါလား?သူငယ်​တန်းကတည်းက ရီးစား၃​ယောက်​​ပြောင်း​နေပြီ။ဆယ်​တန်း​​လောက်​​ရောက်​ရင်​ ရီးစားအ​ရေအတွက်​က ငါ့အသက်​ထက်​​ကျော်​နိုင်​တယ်​။

"​​ကိုလင်းလား?"

ခေါ်သံကြားလို့ ​နောက်​လှည့်​ကြည့်​​တော့ ပန်း​ရောင်​ဂါဝန်​​လေးဝတ်​ထားတဲ့ ​ကောင်​မ​လေးတစ်​​ယောက်​။ဒီတစ်​​ယောက်​ဖြစ်​မယ်​။
လှ​တော့အ​တော်​လှသည်​။ဒါ​ပေမဲ့ ဖုန်းထဲကအတိုင်း​တော့မဟုတ်​ဘူး။

"ဟုတ်​ပါတယ်​..ဒီက ၀င့်​ဝါလား?"

"ဟုတ်​ပါတယ်​"

တောက်​ပလင်းတစ်​​ယောက်​ ​ဘာလုပ်​လို့ဘာကိုင်​ရမှန်းမသိ။ရှိန့်​ကို
လက်​ဆွဲကာ​ကြောင်​​တောင်​​တောင်​ကြီးသာ ရပ်​​နေမိ​တော့သည်

"ဟိုနားသွားထိုင်​ရ​အောင်​​လေ"

ကောင်​မ​လေးဘက်​က စကားစ​တော့ ​တောက်​ပလင်း​ယောင်​​တောင်
တောင်​နှင့်​​ခေါင်းငြိမ့်​ပြီး လိုက်​ပါသွား​တော့သည်​။

My friend's uncle becomes my husband (Completed) Where stories live. Discover now