Ep-21(Zawgyi+Uni)

5.4K 378 9
                                    

Zawgyi

"အီးဟီးးး!!"

ရှိန်​ မြို့ကိုပြန်​​ရောက်​​တော့ ဥက္ကာတို့သုံး​ယောက်​က သူ့တိုက်​ခန်းကို အမြဲလာလာ​နေသည်​။အ​ကြောင်းက​တော့ထူးတင့်​ရည်းစားနဲ့ပြတ်​လို့တဲ့။တစ်​ခါတစ်​​လေ သူ့တိုက်​ခန်းကိုတစ်​​ယောက်​တည်း လာလာပြီးငို​နေ​သေးသည်​။မသိရင်​ သူများ​တွေတမျိုးထင်​​တော့မည်​။

"ထူးတင့်​ရာ မငိုပါနဲ့​တော့...၁ပတ်​​လောက်​ရှိပြီ ငိုလို့မ၀​သေးဘူးလား?"

ရ​ဝေ စိတ်​ရှုပ်​စွာ​ပြော​တော့...

"ဟင့်​!နင်​မှ..မခံစားဖူးတာ..အီးဟီး!!"

"ဟုတ်​တယ်​ ရ​ဝေ မင်းအဲ့လို​တော့ မ​ပြော​သင့်​ဘူး"

ဥက္ကာကြားထဲမှ ၀င်​ကြိမ်းလိုက်​​တော့ ရ​ဝေငြိမ်​ကျသွားသည်​။
ရှိန်​နဲ့ရ​ဝေက ဧည့်​ခန်းကခုံမှာ လှဲ​နေကြကာ ဥက္ကာနဲ့ထူးတင့်​ကကြမ်းပြင်​​ပေါ်ထိုင်​​နေကြသည်​။

"ငါ့..ငါ့ရင်​ထဲ..မခံသာလို့ပါဟာ..အင့်​!"

"နင်​မခံသာ​အောင်​ ဟို​ကောင်​ကဘယ်​လိုလုပ်​လိုက်​လို့?"

ရ​ဝေရဲ့ အစီအ​ငေါ်မတည့်​​မေးခွန်း​ကြောင့်​ ဥက္ကာတစ်​ရှူးဘူးနဲ့လှမ်း​ပေါက်​လိုက်​သည်​။

"ရ​ဝေ!!"

"ဘာလဲ ?ကိုယ်​က သိချင်​လို့​မေးတာကို အချစ်​က စိတ်​ကြီးဘဲ"

ရ​ဝေ​ပြော​တော့ ဥက္ကာ လက်​သီး​ထောင်​ပြလိုက်​သည်​။

ရှိန်​ စားပွဲ​ပေါ်မှ စီးကရက်​ဘူးထဲက စီးကရက်​တစ်​လိပ်​ယူကာ နှုတ်​ခမ်းတွင်​​တေ့လိုက်​သည်​။ပြီး​နောက်​ မီးခြစ်​နဲ့မီးညှိကာ ဇိမ်​​ခံကာ
သောက်​​နေ​လေ၏။

ဥက္ကာက ထူးတင့်​မျက်​ရည်​များအား တစ်​ရှူးဖြင့်​သုတ်​​ပေး​နေသည်​။
ဒါနဲ့ဆို တစ်​ရှူးကနှစ်​ဘူးရှိပြီ။ကြမ်းပြင်​မှာလည်း တစ်​ရှူးစ​တွေ
ပွစာကြဲလို့။

"မငိုပါနဲ့​တော့ဟာ..အဲ့​ကောင်​က နင်​နဲ့မတန်​ပါဘူး အဲ့​ဒါ​ကြောင့်
ခံစားမ​နေပါနဲ့"

"ငါ့ကိုလမ်းခွဲတာ အ​ကြောင်းမဟုတ်​ပါဘူးဟာ..ခုဟာက ငါ့ကို
သူ့သူငယ်​ချင်း​တွေနဲ့..၀ိုင်း​လှောင်​ပြီး..အင့်​! လမ်းခွဲခဲ့တာဟ"

My friend's uncle becomes my husband (Completed) Where stories live. Discover now