Ep-33(Zawgyi+Uni)

5K 321 8
                                    

Zawgyi

"ဦးလင်း"

"ဟင်​ ရှိန်​"

ရုံးခန်းထဲသို့ ၀င်​လာ​သောရှိန်​။လက်​ထဲတွင်​ ထမင်းချိုင့်​​လေးကိုင်​လျက်​။

တောက်​ပလင်း ​နေရာမှထပြီး ထမင်းချိုင့်​အားလက်​လွှဲယူလိုက်​သည်​။

"ကျွန်​​တော်​ထမင်းချိုင့်​လာပို့တာ"

"ရှိန်​အလုပ်​ရှုပ်​​နေမှာ​ပေါ့ ကိုယ်​က ​ဒီနားကတစ်​​ဆိုင်​ဆိုင်​မှာစားလို့ရတာဘဲ"

"ကျွန်​​တော်​ကိုယ်​တိုင်​ချက်​ထားတာမလို့ စားကြည့်​​စေချင်​လို့ပါ"

"ဟုတ်​ပါပြီကွာ"

လက်​ထဲက ထမင်းချိုင့်​​လေးကိုစားပွဲ​ပေါ်တင်​လိုက်​​တော့ ရှိန်​က
ထမင်းစားရန်​ ​သေချာပြင်​ဆင်​​ပေး​နေသည်​။အမြဲတမ်းလိုလို လာပို့
ပေး​သည်​။မပို့ပါနဲ့လို့​ပြော​နေ​ပေမယ့်​လည်း ကိုယ်​စိတ်​ထဲကပို့​စေချင်
တာ​တော့အမှန်​ဘဲ။အခုကိုယ်​က သူ​လေးကုမ္ပဏီမှာ ​ရှေ့​နေကြီးနဲ့
တိုင်ပင်ပြီးယာယီအဖြစ်အလုပ်လုပ်ပေးရတာပေါ့သူလေးကလည်းကုမ္ပဏီသို့မကြာခဏလာတတ်​သည်​။gymရုံကို​တောင်​မသွား​တော့ဘဲအားတဲ့အချိန်​ ကုမ္မဏီမှာအလုပ်​သင်​အဖြစ်​တစ်​ခါတစ်​ရံလာလုပ်​​ပေးတတ်​သည်​။သူ​လေးကို ကုမ္ပဏီပိုင်​ရှင်​လို့တစ်​​ယောက်​မှမသိကြ​ပေ။

"ဦးလင်းစားလို့ရပြီ"

လက်​ထဲကို ဇွန်းလာထဲ​ပေးမှ အ​တွေးရပ်​ကာ ထမင်းစားရ​တော့သည်​။မျက်​စိ​ရှေ့က ကြက်​သားနဲ့အာလူး​ရောထားတဲ့ဟင်း​လေးနဲ့ထမင်းနဲ့​ရောပြီး တစ်​လုပ်​​လောက်​စားကြည့်​လိုက်​သည်​။
တကယ်​​ကောင်းလွန်းသည်​။ကြက်​သားနဲ့အားလူးအရသာက​ပေါ်
လွင်​ပြီး မဆလာအနံ့သင်းသင်း​လေးနဲ့အချိုချက်​​လေးချက်​ထားသည်​။

"ဦးလင်းဘယ်​လို​နေလဲ?"

မျက်​လုံး​လေးတလက်​လက်​ဖြင့်​ ​မေးလာတဲ့ရှိန်​။

"အင်း..အရမ်း​ကောင်းတယ်​"

"ဒါဆိုဒါ​လေးလည်းစားကြည့်​ပါ"

My friend's uncle becomes my husband (Completed) Hikayelerin yaşadığı yer. Şimdi keşfedin