Ep-15(Zawgyi+Uni)

6.2K 434 4
                                    

Zawgyi

Djသံ​တွေဆူညံ​နေတဲ့​ရောင်​စုံမီး​ရောင်​များကြား ကခုန်​​ပျော်​ပါး​နေကြ
တဲ့ဆယ်​​ကျော်​သက်​လူငယ်​များကြား ​တောက်​ပလင်း တိုးဝင်​နေ​သည်​။ကွန်​ဒိုက​နေ barအထိ ​ရှိန့်​​နောက်​မှ မသိမသာ​လေး
ခိုးလိုက်​လာခြင်းဖြစ်​သည်​။
မတတ်​နိုင်​ဘူး.ဒီ​ကောင်​​လေးမဟုတ်​တာ​တွေ​လျှောက်​လုပ်​​နေမှဖြင့်​။

ဒီ​ရောက်​မှ ရှိန်​ကလူကြားထဲ​ ရုတ်​တရက် ​ပျောက်​သွား​တော့ ​တောက်​ပလင်း ​ခေါင်း​ခြောက်​သွားသည်
ဟို​ချောင်​ ဒီ​ချောင်​ကပ်​ကာနမ်း​နေကြ​သောအတွဲ​တွေကို မြင်​​သော​ကြောင့်​ မျက်​နှာကိုလက်​ဖြင့်​ကာပြီး ​​bar​ကောင်​တာသို့​ရောက်​​အောင်​ သွားရ​တော့သည်​။

ကောင်​တာ​ရောက်​​တော့ ရ​ဝေနဲ့တည့်​တည့်​တိုး​တော့သည်​။

"​ရ​ဝေ...​ဟေ့​ကောင်​!"

တောက်​ပလင်း ရ​ဝေ့​နောက်​မှ ပုခုံးကိုရိုက်​ကာ ​ခေါ်လိုက်​​တော့

"ဟာကွာ!ဘယ်​က​ကောင်​လဲ?!"

ရ​ဝေ မူးမူးရူးရူးနဲ့ ​နောက်​လှည့်​ကြည့်​လိုက်​​သည်​။

"ငါ..ငါ!"

"အာ..ဦး..ဦးလင်းပါလား?"

အာ​လေးလျှာ​လေးနဲ့​ပြော​နေတဲ့ရ​ဝေအား​တောက်​ပလင်း နားရင်း
တစ်​ချက်​တီးလိုက်​သည်​။

"​ပြောစမ်း!မင်းတို့ ဘာလို့ဒီကို​ရောက်​​နေကြတာလဲ?!"

ရ​ဝေ ​ခေါင်းတစ်​ချက်​ကုပ်​ကာ...

"ဦးလင်းကလည်း ..ကျ​နော်​တို့အပန်း​ဖြေအောင်​ လာတာ​ပေါ့.."

"ကျစ်​!မူးရူး​နေတာဘဲ..ဘယ်​မလဲရှိန်​​ရော?"

သူ​မေးလိုက်​​တော့ ရ​ဝေက တစ်​ချက်​စဉ်းစားသလိုလိုလုပ်​ကာ...

"ရှိန်​..​သြော်​..ရှိန်​လား?ခုန​က..ဟိုးးး..​ထောင့်​​လေးမှာ
က​နေတာ..​ကောင်​မ​လေးတစ်​​ယောက်​နဲ့.."

သူညွှန်​ပြတဲ့​နေရာကိုကြည့်​လိုက်​​တော့ လူ​တွေကျိတ်​ကျိတ်​တိုး​နေသည်​မို့ ဘာမှမမြင်​ရ။

My friend's uncle becomes my husband (Completed) Donde viven las historias. Descúbrelo ahora