Ep-20Zawgyi+Uni)

5.7K 373 17
                                    

Zawgyi

"ပစ္စည်း​တွေကျန်​ခဲ့မယ်​ ​သေချာစစ်​ကြ"

ခရီးစဉ်​ပြီးသွား​တော့ အားလုံးအိမ်​ပြန်​ဖို့ပြင်​ဆင်​ကြရ​​တော့သည်​။
အားလုံးအ​ပျော်​လွန်​​နေသည်​မို့ ​ချောင်းသာခရီးစဉ်​ကသိပ်​မကြာ
လိုက်​သလို ခံစားရသည်​။စိုင်းရံက​တော့ ၀န်​ထမ်းများကိုကြီးကြပ်​ပြီး
Expressကားနဲ့အရင်​ထွက်​ခွာသွားသည်​။

"​​ကိုနိုင်​..လူစုံပြီလား?"

တောက်​ပလင်း​ အစ်​ကိုဖြစ်​သူ၏ကားအနားသွားရပ်​ကာ ​မေး​တော့

"​အေး စုံပြီ​လေ"

တောက်​ပလင်း ကား​ရှေ့ခန်း​ရော​နောက်​ခန်း​ရော ​သေချာကြည့်​ပြီး

"ရှိန်​က​ရော?"

ရှိန့်​ကိုမမြင်​၍​မေး​တော့ ​နောက်​ခန်းကတူ​တော်​​မောင်​က...

"ရှိန်​က အစ်​ကိုမိုးယံနဲ့မှတူတူပြန်​ခဲ့​တော့မယ်​တဲ့"

"ဘာ!!"

တောက်​ပလင်း​အော်​လိုက်​​တော့ ​ရှေ့ခန်းမှထူးတင့်​ နှုတ်​ခမ်းနီဆိုး​နေရာမှအ​ကြောင်းကြီးထင်​သွားသည်။
ဦးလင်းက ​တော်​​တော်​​အော်​တာဘဲ!သူနှုတ်​ခမ်းနီဆိုး​နေချိန်​မှ​အော်
ရသလား?

"ဦးလင်းကလည်းဗျာ လန့်​လိုက်​တာ.."

ဥက္ကာရင်​ဘတ်​ကိုဖိကာ​ပြောလိုက်​​တော့....

"ငါကပိုလန့်​တယ်​..သွား..အခုချက်​ချင်းသွား​ခေါ်ခဲ့  သူစိမ်းနဲ့ဘာလို့
အတူ​နေခဲ့ရမှာလဲ?ယုတ်​တိမရှိ"

"အစ်​ကိုဇွဲမိုးယံက သူစိမ်းမဟုတ်​ပါဘူး ဦးလင်းရဲ့ ပြီး​တော့သူနဲ့ဆို
ရှိန့်​ကို ကျွန်​​တော်​တို့စိတ်​ချပါတယ်​"

"ဘာလို့စိတ်​ချရမှာလဲ?သူ့ကိုငါတို့ တာဝန်​ယူပြီး ​ခေါ်လာခဲ့တာ​လေ
တခုခုဖြစ်​သွားရင်​ ဘယ်​လိုလုပ်​မှာလဲ?"

ဒေါနဲ့​မောနဲ့ ​ပြော​နေတဲ့ ဦးလင်းအားကြည့်​ကာ ဥက္ကာအံ့သြ​နေမိ​တော့သည်​။ဘယ်​တုန်းက အဲ့​လောက်​သည်းသည်းလှုပ်​ဖြစ်​သွား
ခဲ့တာလဲ?
ဦးလင်းပုံကြည့်​ရတာ ရာသီလာ​နေတဲ့မိန်းမကြီးနဲ့တူတယ်​။တော်​ကြာရင်း ရယ်​လိုက်​ ​တော်​ကြာရင်း ​ဒေါသထွက်​လိုက်​နဲ့။ခုတ​လော
ဘာ​တွေဖြစ်​​နေလဲမသိ?

My friend's uncle becomes my husband (Completed) Donde viven las historias. Descúbrelo ahora