Ep-5(Zawgyi+Uni)

6.5K 487 7
                                    

Zawgyi

တောက်​ပလင်း ​ကောင်​မ​လေးနဲ့ချိန်း​တွေ့တဲ့အခါတိုင်းရှိန်ကို
အမြဲ​ခေါ်သွားတတ်​သည်​။ရှိန်​ရှိရင်​ သူသတ္တိရှိတယ်​လို့ထင်​သည်​။
၀င့်​ဝါက​တော့ နှစ်​​ယောက်​တည်း​အေး​ဆေး​တွေ့ချင်​တယ်​လို့​ပြော​တယ်​။တကယ်​​တွေ့ကြည့်​လိုက်​​တော့လည်းအဆင်​မ​ပြေ။ဝင့်​ဝါနဲ့စကား​ပြောလိုက်​တိုင်း စိတ်​မသက်​မသာနဲ့ခံစားရသည်​။သူကမိန်းက​လေးပီပီချွဲနွဲ့တတ်​​ပေမဲ့ကိုယ်​ကစိတ်​ရှုပ်​စရာလို့အမြဲမြင်​​နေမိသည်​။စိတ်​​ကောက်​တဲ့အချိန်​ဆိုပိုဆိုး​သေး။ပြီး​တော့ တခုပြီးတခုပူဆာလိုက်​တာမှလွန်​​ရော။တအားလည်းဂျီကျတတ်​​သေးသည်​။သူ့မျက်​လုံးထဲတွင်​​တော့ ချစ်​ဖို့​ကောင်းတယ်​လို့ ဘယ်​လိုမှမမြင်​။

ခုလည်း ရှိန့်​ကို​ခေါ်လာလို့​ပြော​နေပြန်​သည်​။ရှိန်​ကခပ်​လှမ်းလှမ်း
ကသစ်​ပင်​​အောက်​တွင်​ တစ်​​ယောက်​တည်း ကစား​နေသည်​။ဥက္ကာနဲ့ဆိုအ​ဖော်​ရမှာ​ပေါ့။ဒါ​ပေမဲ့ဥက္ကာက အ​မေနဲ့အကြပ်​ကိုင်​မှာစိုးလို့ တမင်​မ​ခေါ်ခဲ့ခြင်းဖြစ်​သည်​။အဲ့​ကောင်​ကလွယ်​တာမဟုတ်​ဘူး။

"ကိုလင်း"

"ဟင်​"

"ကိုလင်းတူ​လေးကို​ခေါ်ခဲ့ပါလား ၀င့်​ဝါမြင်​ဖူးချင်​လို့?"

"အမ​လေး မလုပ်​ပါနဲ့ဝင့်​ဝါရယ်​ အဲ့​ကောင်​ကလွယ်​တာမဟုတ်​ဘူး
ဟိုအရင်​ ကိုယ်​online​ပေါ်ကရီးစား​တွေထားပြီးဖုန်း​ပြော​နေအချိန်​က​ပေါ့ အ​မေကိုသွား​ပြောတာ အဲ့ဒါနဲ့အ​မေကဆူ​ပါ​လေ​ရော "

"ဟင်​.ကိုလင်းအ​မေက ခုချိန်​ထိဆူတုန်းလား?"

"အင်း အဲဒါ​ကြောင့်​ အ​နေထိုင်​ဆင်​​ခြင်​​နေရတာ​ပေါ့"

အေး​ပေါ့​လေ.သူ့သားကအမျိုး​ကောင်းသား​လေးဆို​တော့
ဒေါ်ခင်​​ဌေးက ​တော်​ရုံ​ချွေးမ​ခေါင်းထဲထည့်​မှာမဟုတ်​ဘူး။
မိမိလိုသာမန်​အဆင့်​အတန်းဆို ရှိတယ်​လို့​တောင်​ထင်​မှာမဟုတ်​ဘူး။

"၀င့်​ဝါကိုလည်း ကိုလင်းအ​မေနဲ့ဘယ်​​တော့​မိတ်​ဆက်​​ပေးမှာလဲ?"

My friend's uncle becomes my husband (Completed) Donde viven las historias. Descúbrelo ahora