Final Ep-38(Zawgyi+Uni)

9.5K 336 16
                                    

Zawgyi

"​ကောင်း​ကောင်းသွား​ကြ​နော်​"

"ဟုတ်​ကဲ့ပါ ကြီးကြီး"

"ကြီးကြီးက​တော့လွမ်း​နေ​တော့မှာဘဲကွယ်​"

မျက်​ရည်​​လေးဆမ်းကာ​ပြောလာတဲ့ကြီးကြီး​ကြောင့်​ ရှိန်​လည်းဝမ်းနည်းလာရသည်​။သူ့အ​ပေါ်မိသားစုလိုဆက်​ဆံတဲ့ ကြီးကြီးတို့နှင့်​ခွဲခွာရ​တော့ ရင်​ထဲမ​ကောင်းဖြစ်​မိသည်​။သူတို့ပြန်​မယ်​ဆိုတာသိ​တော့ အလုပ်​သမားများကလည်း ​လာ​ရောက်​နှုတ်​ဆက်​ကြသည်​။
ခြံထွက်​အသီးအနှံတချို့လည်း လက်​​ဆောင်​​ပေးကြသည်​။

"ကျွန်​​တော်​ အလည်​ပြန်​လာခဲ့ပါ့မယ်​ကြီးကြီး"

"အစ်​ကို​လေး ပြန်​​တော့မယ်​ဆို​တော့ ည​တွေကြကျွန်​​တော်​တို့သီချင်းနားမ​ထောင်​ရ​တော့ဘူး​ပေါ့"

"ဟုတ်​တယ်​အစ်​​ကို​လေးရာ"

ရှိန်​လည်း စိတ်​မ​ကောင်းစွာ​ခေါင်း​လေးငုံ့ကာသက်​ပြင်းချ​တော့
ဦးလင်းကသူ့ပုခုံးကိုခပ်​ဖွဖွပုတ်​ကာအား​ပေးသည်​။

"က​လေးကို​စောင့်​​ရှောက်​​ပေးကြလို့ အားလုံးကို​ကျေးဇူးတင်​ပါတယ်​"

တောက်​ပလင်း ​ကျေးဇူးတင်​စကား​ပြောလိုက်​​သည်​။

"ဦးလင်း သွားကြ​အောင်​ ည​မှောင်​သွားရင်​မ​ကောင်းဘူး"

ကား​ပေါ်မှဥက္ကာလှမ်း​ပြော​တော့ ​တောက်​ပလင်း​ခေါင်းငြိမ့်​ပြလိုက်​သည်​။

"ဒါဆို ကျွန်​​တော်​တို့ကိုသွားခွင့်​ပြုပါဦး"

"​အေး​အေး..ဂရုစိုက်​​မောင်းကြကွယ်​"

"ဟုတ်​ကဲ့ "

"​သား..​နောက်​တစ်​ခါဆိုသားမမနဲ့အတူတူလာခဲ့​နော်​"

ကြီးကြီးက​ပြော​တော့ ရှိန်​​လေးပင်​စွာ​ခေါင်းငြိမ့်​ပြလိုက်​သည်​။

"လာ က​လေး တက်​"

ဦးလင်းက ကားတံခါးဖွင့်​​ပေး​တော့ ရှိန်​၀င်​ထိုင်​လိုက်​သည်​။
ပြီး​နောက်​ ပြင်​ဦးလွင်​မှထွက်​ခွာခဲ့ကြ​တော့သည်​။

My friend's uncle becomes my husband (Completed) Where stories live. Discover now