Ep-3(Zawgyi+Uni)

7.7K 547 1
                                    

Zawgyi

နွေရာသီ​ကျောင်းပိတ်​ရက်​​တွေတ​ရွေ့​ရွေ့ကုန်​ဆုံးလာခဲ့သည်​။
ရှိန်​နဲ့ဥက္ကာလည်း ​ကျောင်းစတက်​​နေကြပြီ။ဦးလင်းက
ဥက္ကာကိုတင်မကမိမိတို့မောင်နှမနှစ်ယောက်စလုံးကိုပါအကြိုအပို့အမြဲလုပ်​​ပေးသည်​။ပြီးမှ ကုမ္ပဏီကိုသွားသည်​။ဖေ​ဖေ​တို့​မေ​မေ​တို့က မိမိတို့​မောင်​နှမနှစ်​​ယောက်​ကို ဦးလင်းထံ ယုံယုံကြည်​ကြည်​အပ်​နှံထား​သည်​။

"ဟိတ်​​ကောင်​တွေ!​ကျောင်းမှာသိပ်​မ​ဆော့ကြနဲ့​နော်​..စာကိုလည်း​သေချာလိုက်​လုပ်​ဦး"

"ဟုတ်​ကဲ့!!"

ကား​နောက်​ခန်းတွင်​ ဥက္ကာနဲ့ရှိန်​ ​ဆော့ကစားရင်းပြန်​​ပြောလိုက်​သည်​။မမသူးထက်​ရှိန်​က​တော့ ​​​ရှေ့ခန်း ဦးလင်း​ဘေးမှာထိုင်​ပြီး
စာအုပ်​ထုတ်​ကြည့်​​နေသည်​။

"ညီမ​လေး​ရော စာ​တွေလိုက်​နိုင်​ရဲ့လား?"

တောက်​ပလင်း ကား​မောင်းရင်းမှသူးထက်​ကို​ ​ကြည့်ကာ​မေးလိုက်​​တော့...

"omm..လိုက်​နိုင်​ပါတယ်​"

သူးထက်​က စာအုပ်​ကို​အာရုံစိုက်​နေရင်းမှပြန်​​ဖြေလိုက်​သည်​။

"မမကလည်း ကိုယ့်​ထက်​အကြီးကို 'ဟုတ်​ကဲ့'လို့​ပြောရမယ်​​လေ"

ရှိန်​ နှုတ်​ခမ်း​လေးဆူကာ ​ပြောလိုက်​​တော့ ​တောက်​ပလင်း
သ​ဘောတကျရယ်​လိုက်​သည်​။ရှိန်​က လူကြီး​လေးအတိုင်းဘဲ။

"နင်​လျှာမရှည်​နဲ့ ဦးလင်း​တောင်​ဘာမှမ​ပြောတာ နင်​ကဘာလို့ဝင်​​ပြော​နေတာလဲ?"

သူးထက်​က ရှိန့်​ကို​နောက်​လှည့်​ကြည့်​ကာ အသံမာမာဖြင့်​ဆူလိုက်​သည်​။တောက်​ပလင်းမှာ သူတို့ကိုကြည့်​ကာရယ်​ရခက်​ငိုရခက်​။

မှန်​ထဲမှတဆင့်​ရှိန့်​ကိုကြည့်​လိုက်​​တော့ ဘာမှမဖြစ်​သလိုပြုံး​နေ​တော့သည်​။

ကား​လေးက တဖြည်းဖြည်းအထက်​တန်း​ကျောင်း​ရှေ့တွင်​ရပ်​လိုက်​သည်​။သူးထက်​က အထက်​တန်းဆို​တော့​တစ်​​ကျောင်း၊အငယ်​နှစ်​​ယောက်​ကတစ်​​ကျောင်းပို့​ပေးရသည်​။သူးထက်​လည်း ကသုတ်​ကဗျာကား​ပေါ်မှဆင်းပြီးလွယ်​အိတ်​လွယ်​ကာ ​ကျောင်းထဲဝင်​သွား​တော့သည်​။

My friend's uncle becomes my husband (Completed) Hikayelerin yaşadığı yer. Şimdi keşfedin