Ep-11(Zawgyi+Uni)

5.5K 420 8
                                    

Zawgyi

အိမ်​မှာ​ဒေါ်​လေးမြင့်​စန်းတို့ ခြံ​စောင့်​အစ်​ကိုချစ်​​မိုးတို့အလုပ်​​တွေကို
ဝိုင်းကူလုပ်​​ပေးရ​တော့မှ သူတို့ကိုကိုယ်​ချင်းစာမိ​တော့သည်​။အလုပ်​သမားအင်​အားကနည်းတာ​ကြောင့်​ အားလုံးသရီကြသည်​။
ဒေါ်​လေးခမျာလည်း တစ်​​ယောက်​တည်းမီးဖို​ချောင်​အလုပ်​​တွေကို
လုပ်​​ကိုင်​ရသည်​။အ၀တ်​​တွေ​ကို​လျှော်​​ရသည်​။မီးပူတိုက်​​ပေးရသည်​။မမကအ၀တ်​​တွေကိုလက်​နဲ့​လျှော်​တာဘဲကြိုက်​သည်​မို့ တစ်​ခါတစ်​​လေ ​ဒေါ်​လေးမအား​ရင်​မိမိကဘဲ ​လျှော်​​ပေးလိုက်​သည်​။အ
ဝတ်​​တွေ​ခြောက်​ရင်​မီးပူပါ တစ်​ခါတည်းတိုက်​​ပေးလိုက်​သည်။
အပန်းကြီးတာမှမဟုတ်​ဘဲ။ဒေါ်​လေးက မလုပ်​ခိုင်း​ပေမဲ့​ပေါ့​လေ။
ခြံထဲမှာလည်း ဒီလိုပါဘဲ ၀ိုင်းကူ​ပေးလိုက်​သည်​​။ခြံကြီးကကျယ်
တော့ အစ်​ကိုချစ်​မိုးတစ်​​ယောက်​တည်း အလုပ်​​တွေမနိုင်​ဘူး။
ခြံသန့်​ရှင်း​ရေးလုပ်​ရသည်​။ပန်းပင်​​တွေ​ရေ​လောင်းရသည်​။ကား​ရေ​ဆေး​ပေးရသည်​။မိမိလည်း အလိုက်​တသိကူလုပ်​​ပေးမိသည်​။
တခါတ​လေ​တော့ အဆူခံရတာ​ပေါ့။

အလုပ်​လုပ်​ရတာက သိပ်​မပင်​ပန်းပါဘူး။ဒါ​ပေမဲ့ စားရတာက နည်း
နည်းခက်​ခဲသွားတာ​ပေါ့။မမနဲ့အတူ မနက်​ကို ​ကော်​ဖီတစ်​ခွက်​​သောက်​ရသည်​။နေ့လည်​စာဆိုလည်း မမစားသ​လောက်​ဘဲ စားရသည်​။မမစားသ​လောက်​ဆို ရှိန်​ထမင်းသုံးလုတ်​စာ​လောက်​ဘဲရှိတယ်​။ဗိုက်​ကလည်း ဘယ်​​တော့မှဝတယ်​မရှိပါဘူး​လေ။
ကိုယ့်​ကိုယ်​ကို​တောင်​ စိတ်​ပျက်​လာသည်​။ဒီ​လောက်​အလုပ်​​တွေလုပ်​​နေရပြီး အစား​တွေ​လျှောစား​နေတာ​တောင်​ ၀ိတ်​ကကျမလာဘူး။ကြာလာ​တော့မိမိခန္ဓာကိုယ်​ကြီးကိုလည်း စိတ်​ညစ်
မိပါသည်​။

'သားကိုယ်​သားရှက်​စရာလို့မြင်​တတ်​​နေပြီလား'

'သားကို ကြည့်​မ​ကောင်းဘူးလို့ဘယ်​သူ​ပြောလဲ?သားကဒီ​လောက်​ချစ်​ဖို့​ကောင်းတာကို...'

'​နောက်​ဆိုပတ်​၀န်းကျင်​ရဲ့စကား​တွေကို ​ခေါင်းထဲမထည့်​ရဘူး​နော်
ကြားလား?'

My friend's uncle becomes my husband (Completed) Onde histórias criam vida. Descubra agora