Ep-9(Zawgyi+Uni)

5.6K 440 5
                                    

Zawgyi

"သား ပစ္စည်း​တွေအကုန်​စုံပြီလား?"

အခန်းထဲတွင်​​တောက်​ပလင်း အ၀တ်​​ထည့်​​နေစဉ်​ အ​မေ၀င်​လာသည်​။မနက်​ဖြန်​သွားရ​တော့မှာဆို​တော့ ပြင်​ဆင်​​စရာရှိတာပြင်​ဆင်​ရသည်​။ဟိုကို​ရောက်​မှ အစ်​ကိုနဲ့လူချင်းချိန်းရမည်​ဖြစ်​သည်​။

"ဟုတ်​ ​အ​မေ စုံ​ပါပြီ"

အ​မေက ကုတင်​​ပေါ်တွင်​၀င်​ထိုင်​ကာ မိမိအား​ကြည့်​​နေ​သည်​။
အ​မေ၀မ်းနည်း​နေတာ သိတာ​ပေါ့။သို့​ပေမဲ့ ကျ​နော်​အ​မေ့ကိုမကြည့်​ဖြစ်​ပါ။အ​မေ့ရဲ့ဝမ်းနည်း​နေတဲ့မျက်​၀န်း​တွေကိုမြင်​ရင်​ကျနော်ပါအလိုလိုဝမ်းနည်းရသည်​။အ​မေက အစ်​ကို့ထက်​ မိမိနဲ့ပိုအ​နေများသည်​မို့ ထင်​ပါသည်​။ငယ်​ငယ်​ကတည်းကအ​မေနဲ့တစ်​ခါမှမခွဲဖူးသည်​ဘဲ မိမိလည်းခံစားရတာ​ပေါ့။

ခွဲခွာရခြင်းဆိုရင်​ ဘယ်လိုခွဲခွာရခြင်းဖြစ်​ဖြစ်​ကျ​နော်​မုန်းပါသည်​။

ကုတင်​​အောက်​တွင်​ ထိုင်​ကာ ပစ္စည်းများစုံမစုံပြန်​စစ်​ရသည်​။ပြီး​နောက်​ ကုတင်​​ပေါ်ထိုင်​​နေတဲ့အ​မေ​ခြေရင်းနားသွားထိုင်​ကာ
အ​မေ့ခါးကိုဖက်​ပြီး​ပေါင်​​ပေါ်​ခေါင်းတင်​ကာ ​မှေး​နေ​လိုက်​သည်​။

"အသက်​က၃၀​ကျော်​​နေပြီ ခုထိချွဲတုန်း"

မိမိ​ခေါင်းအား လက်​ဖြင့်​ဖွဖွပွတ်​​ပေးကာ အ​မေကချစ်​မြတ်​နိုးစွာဆို​တော့ မိမိလည်းပြုံးမိသည်​။

"သားက က​လေးဘဲရှိ​သေးတာကို"

"ဒီပုံစံကိုကုမ္ပဏီက ၀န်​ထမ်း​တွေမြင်​ရင်​​ ရယ်​ကြတော့မှာဘဲ"

"ရယ်​ပါ​စေ​ပေါ့ဗျာ"

တောက်​ပလင်းက​လေးတစ်​​ယောက်​လို နှုတ်​ခမ်းဆူဆူနဲ့​ပြောလိုက်​​တော့ အ​မေကမျက်​ရည်​များကြားရယ်​​တော့သည်​။အ​မေရယ်​​နေတာကိုမြင်​​တော့မှ မိမိလည်းစိတ်​ချမ်းသာရသည်​။

"ဥက္ကာ​လေး​ရော ​မေ​မေ"

"မင်းတူသည်​က အိပ်​​ပျော်​သွားပြီ"

My friend's uncle becomes my husband (Completed) Donde viven las historias. Descúbrelo ahora