Ep-10(Zawgyi+Uni)

6K 458 10
                                    

Zawgyi

ကံကြမ္မာကြီးကကျ​နော့်​ဘက်​မှာရှိမ​နေ​ပေးခဲ့ဘူး။အဖြစ်​အပျက်​​တွေကမ​နေ့​တ​နေ့ကလိုဘဲ။လွမ်းပြီးရင်းလွမ်း​နေမိတယ်​ 
ဖေ​ဖေနဲ့​မေ​မေရယ်​ သားဘယ်​လို​ရှေ့ဆက်​ရမှာလဲ?ဒီအိမ်မှာ​​သားကိုနားလည်​ပြီးချစ်​ခင်​ဂရုစိုက်​​ပေးတာ ​ဖေ​ဖေနဲ့​မေ​မေဘဲရှိတာ​လေ။ခု​တော့ သားဘ၀ထဲကအပြီးပိုင်​ထွက်​သွားပြီတဲ့လား?
ဘာဖြစ်​လို့ သားတန်​ဖိုးထားရတဲ့လူ​တွေကိုမှ သားဘ၀ထဲကဆွဲ ထုတ်​သွားကြတာလဲ?

ရှိန်​မျက်​စိ​ရှေ့မှေ​ဖဖေနဲ့​မေ​မေရဲ့ဓာတ်​ပုံနှစ်​ပုံကိုမျက်​ရည်​များစွာဖြင့်
စိုက်​ကြည့်​​နေမိသည်​။ဒီ​နေ့ဆို​ဖေ​ဖေနဲ့​မေ​မေဆုံးတာ ၁လပြည့်​ပြီ။

ဖွားဖွားကြီးကျန်းမာ​ရေးပြန်​လည်​​ကောင်းမွန်​လာတဲ့အချိန်​ ​ဖေ​ဖေနဲ့​မေ​မေမြို့ကိုပြန်​လာခဲ့ကြသည်​။

လမ်းတွင်​ ကားaccident​ကြောင့်​ နှစ်​​ယောက်​စလုံးဆုံးပါးသွားကြပြီဆိုတဲ့ သတင်းကိုကြားကြားချင်း ရှိန်​​မေ့လဲတဲ့အထိဖြစ်​သွားခဲ့ရသည်​။မယုံဘူး မဖြစ်​နိုင်​ဘူး ဆို​ပြီး​တွေးခဲ့​တယ်​။ဒါ​ပေမဲ့အ​ဝေး​ပြေးလမ်းမကြီး​ပေါ် တစ်​စစီဖြစ်​​နေ​သော ကားရယ်​၊​ကား​ခေါင်းထဲမှ ​ဖေ​ဖေနဲ့​မေ​မေရဲ့ရုပ်​အ​လောင်းရယ်​ကိုမြင်​​တော့မှ စိတ်​ဒုန်းဒုန်းချကာယုံလိုက်​ရ​တော့သည်​။နေ့ညမပျက်​ အစားပျက်​အအိပ်​ ငို​နေမိသည်​။ကျ​နော့်​ကို ​'ယောက်ျားဖြစ်​ပြီး ​ပျော့ညံ့တယ်​ 'တဲ့ မမက​ပြောတယ်​။ဟုတ်​တယ်​..ကျ​နော်​ငယ်​ငယ်​​လေးကတည်းက သိမ်​ငယ်​ပြီး​ပျော့ညံ့​တယ်​။မမ​လောက်​​တောင်​ စိတ်​မမာခဲ့ဘူး။ဖေ​ဖေနဲ့​မေ​မေဆုံးသွားတဲ့​နေ့က​နေစပြီးခုချိန်​ထိတစ်​ခါမှမငိုခဲ့တဲ့မမကိုလည်း ​လေးစားမိပါရဲ့။ကျ​နော်​ မမတစ်​၀က်​​လောက်​ဘဲစိတ်​ဓာတ်​မာ​ကြောရင်​​ ဘယ်​​လောက်​များ​ကောင်းလိမ့်​မလဲ?

............................................

"ဟဲ့..ခြံ​ရှေ့မှာ ဘယ်​သူ့ကားလဲမသိ သွား​မေးချည်​စမ်း"

ခြံ​ရှေ့ကို ကားတစ်​စီး​​ရောက်​လာသည်​မို့ သူးထက်​ ခြံ​စောင့်​အား
သွား​မေးခိုင်းလိုက်​သည်​။ခဏ​နေ​တော့ ခြံ​စောင့်​​ကောင်​​လေးကပြန်​​ပြေးလာသည်​။

My friend's uncle becomes my husband (Completed) Où les histoires vivent. Découvrez maintenant