20

10.2K 1.3K 43
                                    

U••

[ထူးခြားဆန်းကျယ်သည့်မျိုးနွယ်စု]

တစ်နာရီခွဲခန့်ကြာပြီးသည့်နောက် ခပ်တိုးတိုးညည်းညူသံလေးတစ်ခုကိုကြားလိုက်ရကာ ချန်းနင်၏မျက်တောင်ရှည်များကလှုပ်ခတ်လာသည်။

ယွီရှန်းကချက်ချင်းဆိုသလို ချန်းရှေ့အနားသို့တိုးသွားကာ သူ့လက်လေးကို ခပ်ဖွဖွကိုင်ရင်း သောကရောက်နေသောလေသံဖြင့် စိုးရိမ်တကြီးမေးလာ၏။

"ချန်းနင်...ချန်းနင် မင်းနိုးလာပြီလား? ကိုယ့်ကိုကြည့် ကိုယ်ဒီမှာရှိတယ်... ကိုယ်ဒီမှာရှိပါတယ်"

ချန်းနင်က မျက်ဝန်းများကိုအားတင်း၍ဖွင့်လိုက်၏။ သူ့မြင်ကွင်းထဲတွင်တော့ စိုးရိမ်တကြီးပူပန်နေသော ရှန်ယွီရှန်းကိုမြင်လိုက်ရလေသည်။ အလွန်တိုးလျ၍ ကြားနိုင်ရုံလောက်သောအသံလေးဖြင့်ချန်းနင်ကနောက်ဆုံး၌ ဆိုလာသည်။

"ယွီရှန်း"

သူ့အဖိုးတန်လေးကနောက်ဆုံး၌ပြန်ဖြေလာသည်ကိုကြားလိုက်ရသဖြင့် ယွီရှန်းအသက်ပင်အောင့်ထားမိသည်။ တုန်လှုပ်ခြောက်ခြားနေသည့်လူငယ်လေးကဲ့သို့ သူကချက်ချင်းပြန်ပြောလိုက်၏။

"ကိုယ်ဒီမှာရှိတယ် ချန်းနင်... အဆင်မပြေဖြစ်နေတဲ့နေရာမျိုးရှိသေးလား? ကိုယ့်ကိုပြောပြနော်?"

"ကျွန်တော်အရမ်းပင်ပန်းတယ်... အရမ်းအိပ်ချင်တယ်" ချန်းနင်ကအင်အားချည့်နဲ့စွာဖြင့်ဆိုသည်။

"ကောင်းပြီ ရပါတယ်... ခဏလောက်အနားယူလိုက်ဦး ကိုယ်မင်းဘေးမှာရှိနေပေးမယ်"

"အင်း... ယွီရှန်း ယင်မိသားစုကိုပထမဆုံးသတိမပေးနဲ့.. မင်္ဂလာပွဲမတိုင်ခင်အထိသူတို့ကိုမထိပါနဲ့ဦး"

"အင်းပါ မင်းသဘောအတိုင်းဖြစ်စေရမယ်.. အဲ့တာအတွက်စိတ်မပူနဲ့ ကောင်းကောင်းအိပ်တော့"

ထို့နောက်တွင်တော့ ချန်းနင်ကနာခံစွာဖြင့် သူ့မျက်ဝန်းလေးများကိုမှိတ်ကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့သည်။

ယွီရှန်းက ပိုင်မော့ဘက်သို့လှည့်ကာ မျက်နှာချင်းဆိုင်၍...

[Completed]ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည်Nơi câu chuyện tồn tại. Hãy khám phá bây giờ