35

7.8K 1K 17
                                    

U••

[Renewed Affection?]

ထိုနေ့လည်၌ လင်ကျင်းရှန်ကို နေ့လည်စာစားဖို့ မဒမ်ရှန်ကဖိတ်ကြားလိုက်လေသည်။

စားပွဲ၌ ရှန်ယွီရှန်းနှင့်ဟယ့်ချန်းနင်က နူးညံ့ညှင်သာ​သောအပြုအမူများနှင့်အတူ တစ်ယောက်ကိုတစ်ယောက် ဟင်းများပန်းကန်ထဲထည့်ပေးလျက် တစ်ခါတစ်ရံတွင်တော့ သူတို့၏တူများကိုအသုံးပြုကာ အဖွားထံသို့ဟင်းအချို့ပို့ပေးခဲ့လေသည်။

ယွီရှန်းက သူ့ကိုတခြားများမည်သို့မြင်မည်ကို ဂရုမစိုက်သည့်အလျောက် သူ့ဇနီးလေးကိုအလိုလိုက်တတ်ပုံကိုလည်း လုံးဝဖုံးကွယ်ထားခြင်းမရှိပါချေ။ သူ့အတွက်တွင်မူ ကိုယ့်လက်တွဲဖော်ကိုယ် ပိုင်ဆိုင်သမျှအရာအားလုံးပေး၍စိတ်ကျေနပ်စေခြင်းကဘာမှအမှားရှိမနေ။ သူ့အတွက်တော့ ၎င်းက ခင်ပွန်းတစ်ယောက်၏တာဝန်ဖြစ်သည်မို့ ထိုအတိုင်းသာဂုဏ်ယူစွာပြုမူလိမ့်မည်ပင်။ ချန်းနင်က ကျော်ပျော်ရွှင်ရွှင်စားသောက်ရင်း ပါးလေးဖောင်းနေသည်ကိုမြင်တော့ ချစ်စရာကောင်းလွန်းပါသဖြင့် သူ့အနားဆွဲခေါ်၍နမ်းပစ်ချင်စိတ်ပင်ပေါက်လာတော့သည်။

အခြားတစ်ဖက်တွင်တော့ လင်ကျင်းရှန်က သူမ၏အစားအစာများကို ဖယောင်းတိုင်မျိုချနေသကဲ့သို့စားသောက်နေပုံကိုမြင်ရုံနှင့်တင် သူမဘယ်လောက်စိတ်တိုနေကြောင်းသိနိုင်ပါ၏။ သို့သော်လည်း သူမကထုတ်မပြချေ။ ဒီနေသူမလာခဲ့သည်ရည်ရွယ်ချက်က သူမကိုမြင်လျှင် ရှန်ယွီရှန်းမည်သို့တုန့်ပြန်မည်ကို သိချင်ရုံမျှသာဖြစ်သည်။ သူမက သူတို့ဇာတ်လမ်းကိုဆက်ဖို့အခွင့်အရေးတစ်ခုကျန်သေးသည်ဟုမျှော်လင့်ခဲ့ခြင်းပင်။

အမှန်၌ အရင်နှစ်ပိုင်းအတွင်း မတူညီသည့်လက်တွဲဖော်များစွာကိုတွေ့ဆုံပြီးသည့်နောက် သူမဒီလူကိုဘယ်လောက်လွမ်းနေကြောင်း သတိရသွားစေသည်မို့ ဒီလူသားအပေါ်သူမ၏မျှော်လင့်ချက်ကလည်းပို၍ကြီးထွားလာခဲ့တော့သည် အမျိုးသားဇနီးသည်အတွက်ကမူ၊ သူမမျက်လုံးထဲ ၎င်းကဘာမှအရေးပါပါချေ။ ယောက်ျားတစ်ယောက်က တခြားယောက်ျားတစ်ယောက်၏နှလုံးသားကိုအပိုင်ယူနိုင်ဖို့ လုံးဝမဖြစ်နိုင်ကြောင်း သူမသေချာပေါက်ယုံကြည်သည်။ ၎င်းက ရုပ်ပိုင်းဆိုင်ရာဆက်ဆံရေးဖြစ်ခဲ့လျှင်တောင် သူတို့တဖြည်းဖြည်းတစ်ယောက်ကိုတစ်ယောက်စိတ်ကုန်လာလိမ့်မည်ပင်။ အကယ်၍သူတို့ကစုံတွဲအဖြစ်နေထိုင်ဖို့ ရည်မှန်းထားလျှင်တောင်မှ ကလေးတစ်ယောက်မရှိသဖြင့် ဒီဆက်ဆံရေးပျက်ဆီးသွားဖို့က အချိန်အနည်းငယ်သာလိုသည်။

[Completed]ကမ်းကုန်အောင်အလိုလိုက်ခံထားရသည့် အမျိုးသားဇနီးသည်Nơi câu chuyện tồn tại. Hãy khám phá bây giờ